ခမ်းနားသော တော်ဝင်ဆန်ဆန် အပြင်အဆင်တွေ၊
အသံမဲ့ ခံစားနေရမိသော အညိုရောင်အငွေ့အသက်၊
အံ့သြရအောင် ထည်ဝါသော အရှိန်အဝါတွေ။နေရောင်ခြည်နွေးနွေးရဲ့အောက်မှာ ရပ်တည်နေတဲ့ ရဲတိုက်အိုဟာ ထည်ဝါခံ့ညားစွာ။ အနားပတ်ဝန်းကျင်ကို ချဥ်းကပ်မိရုံဖြင့်ပင် မိမိ၏ ဂုဏ်အရှိန်တွေ သေးငယ်သွားရလုမတတ် ခံ့ထည်နေတဲ့အထိ အရှိန်အဝါ ကြီးမားလှသည်။ တစ်ချိန်တစ်ခါမှာ တော်ဝင်အဆောက်အအုံဖြစ်ခဲ့ဖူးတဲ့ နေရာဟာ ယနေ့တိုင် တော်ဝင်ဆန်ဆန်နဲ့ နေရာအများထက် ပိုပြီး မြင့်မြတ်ခံ့ညားနေဆဲ။
အညိုလည်းမဟုတ်၊ အဖြူလည်းမဟုတ်၊ အဝါလည်းမဟုတ်တဲ့ အရောင်ဖျော့ဖျော့က အမြင်အာရုံကို တစ်မျိုး ဆွဲဆောင်နေနိုင်တာမျိုး။ မိုးမျှော်တိုက်တွေရဲ့ကြား၊ သိမ်းမြစ်ရဲ့တစ်ဖက်ခြမ်းမှာ ရှိနေတဲ့ ရဲတိုက်အိုတစ်ခုဟာ တော်ဝင်ဆန်စွာ၊ ထိုနည်းတူ ကဗျာဆန်စွာ။
လန်ဒန်တာဝါဟာ ဤကဲ့သို့ နှစ်သက်ဖွယ်အတိအကျ။
ယနေ့ဟာ ထယ်ရယ့်လန်ဒန်ခရီးစဥ် စတင်တဲ့နေ့။ ပထမဆုံးအနေနဲ့ ရစ်ခီ ခေါ်ဆောင်လာတဲ့နေရာဟာ လန်ဒန်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ လန်ဒန်တာဝါဆီသို့ ဖြစ်သည်။ ရှေးဟောင်းအငွေ့အသက်တွေဟာ မနက်ခင်းနေခြည်နဲ့အတူ ထယ်ရယ့်နှလုံးသားထဲ စိမ့်ဝင်လာသလား လို့ ထင်ရလောက်အောင် အလွမ်းဓာတ်တွေက ရင်နဲ့အပြည့်။
" ဒီနေ့က နည်းနည်း လူရှင်းနေတာပဲ. လူမရှုပ်နေတာမို့ ကင်မ် တကယ် ကံကောင်းတယ် "
မနက်အစောပိုင်းမို့လို့တင် မဟုတ်ဘဲ ဒီနေ့တော့ အမှန်တကယ်ပင် လူရှင်းနေတာဖြစ်မယ် ဆိုတာကို ထယ်ရယ်လည်း ခံစားရမိသည်။ ကမ္ဘာလှည့်ခရီးသည်တွေ ခြေချရာဖြစ်တဲ့ ဒီနေရာက ယခုတော့ ထူးထူးခြားခြား ရှင်းလင်းလို့။ စောင့်ကြပ်နေတဲ့စစ်သည်တချို့ နဲ့ ဧည့်သည်အနည်းအကျဥ်းကလွဲရင် ထယ်ရယ့်အနားမှာ မြင်နေရတာဟာ ပန်းပင်တချို့တွေချည်း။
လောကကြီးကို စူးစမ်းနေတဲ့ ကလေးငယ်လေးတစ်ယောက်လိုမျိုး ထယ်ရယ့်မျက်ဝန်းတွေက ဟိုဟိုနီနီ စူးစမ်းနေမိသည်။ ဝေ့ဝဲနေတဲ့အကြည့်တွေက ကင်မရာတစ်လုံးသာ ဖြစ်ခဲ့မယ်ဆိုရင် ဦးနှောက်ကတော့ ဖလင်ပြားတစ်ချပ် ဖြစ်ခဲ့မည်လား။ အမှတ်တရပုံရိပ်တွေဟာ ထိုပေါ်မှာ ထင်ဟပ်သွားလျက်သား။
![](https://img.wattpad.com/cover/352963757-288-k631486.jpg)
YOU ARE READING
Destiny in LONDON | SHENTAERAE (Hiatus)
RomanceOh gosh! I fell in love with a london boy! start date : 25.9.2023 end date : ongoing