"ဘာ"
ထိုအသံမှ Jimin ဆီကဖြစ်သည်၊
Jiminပုံစံ မှ တအံတဩဖြစ်သွားပုံရသည်၊အော်လိုက်တဲ့အသံကလဲ အနည်းငယါကျယ်နေသည်၊သူမျက်နှာ ဘယ်ကိုထားလို ထားရမှန်ူအောင် ဖြစ်နေပြီ၊ဒီတစ်ခါ ဒေါသထွက်ပုံရတဲ့သူဟာ jungkook မဟုတ်ဘဲ Jimin ဖြစ်နေသည်၊ jungkook ကတော့ Jimin ကိုမရှိသလိုနေကာ သူကိုသာဆက်မေးနေသည်"ဖြေလေ hyung "
စိတ်မရှည်သလို အသံနဲ့ ပြောလိုက်သည်
"ဟေ့ဟျောင့် jungkook မင်းတို့နားမှ ငါတစ်ယောက်လုံးရှိနေတာကို သတိထားအုံး"
"မကျေနပ်ရင် အပြင်ထွက်သွား"
အိမ်ရှင်ကိုပြန်နှင်ထုတ်တာ jungkook တစ်ယောက်ဘဲရှိမည်၊ seokjin ဟာအသက်ပြည့်ပြီး ရည်းစားထားရတဲ့အရွက်ကိုပင်ရောက်နေသည်မို့ သူဘာမှဝင်မေပြာပါ၊သူတောင်ထားသေးတာဘဲ အကိုလဲ ထားမှပေါ့၊နုနုဖက်ဖက်အကို ကိုနှမျောပေမဲ့လဲ အကိုစိတ်နဲ့ အကို ကိုယ်မို့ သူမပြောလို့ပါ၊ပြီးသည်ကာ အကိုရောက်မလာတဲ့အချိန်ထိ ဆိုးသွမ်းနေခဲ့သူက အကိုကြောင့်ပြောင်းလဲသွားသည်မဟုတ်လား၊ အရာရာပြီးပြည့်စုံတဲ့ jungkook ကို အကိုနဲ့သဘောမတူနိုင်စရာအကြောင်းမရှိ၊ ငယ်သူငယ်ချင်းတွေဖြစိနေတာကြောင့်လဲပါသည်၊ဒါပေမဲ့ သိပ်တော့မကြည်ပါ ၊အိမ်ရှင်ကိုပြန်မောင်းထုတ်တဲ့အကောင်ကိုမှတ်သွားအောင် ပညာလေးတော့ပြရမယ်မဟုတ်လား
"အေးပါ အေးပါ မင်းတော့ ခံရဖို့နီးနေပြီ
အံကြိတ်ကာ ပြောပြီး ထသွားတဲ့ Jimin ကို Seokjin လိုက်ကြည်နေမီသည်၊ချောင်ပိတ်ပြီးအမြဲမေးနေတဲ့ jungkook မေးခွန်းတွေကို သူဘယ်လိုရှောင်လွဲရမလဲ၊
"ကျနော်တို ခြံထဲ ဆင်းပြီး လမ်းလျှောက်ရင်းစကားပြောကြမလား"
"ဟင် အင်း သွားကြမယ်လေ"
ထမင်းစားခန်းကနေ ခြံအပြင်သို့ထွက်လာကြသည်၊ဆောင်းရာသီမို့ အရမ်းအေးနေတာကြောင့် ကုတ်အကျီလက်ရှည်ကို ဝတ်ထားလိုက်သည်၊
အရှေ့ကနေ ခြံအပြင်ဘက်သိုဦးတည်ကာ လျှောက်သွားတဲ့ jungkook နောက်ကို ခပ်မြန်မြန်လေးလိုက်သွားရပြန်သည်၊ရင်တွေလဲ တလဲ့လဲ့တုန်နေမီသည်၊ထို တုန်နေသောရင်ဘတ်လေးကို လက်လေးနဲ့ဖိကာ jungkook ကိုမသိမသာလေး မျက်လုံးဝေ့ကြည်နေမီသည်၊ အခုကြတော့လဲ jungkook ဟာ လူကြီးတစ်ယောက်လို တစ်ခုခုကိုအလေးနက်ဆုံးဖြတ်နေသည်ပုံဖြစ်သည်၊
YOU ARE READING
ကျွန်တော်ချစ်သောhyung(complete )
Short Storyjinkookလေးအရိုတစ်ပိုင်းပါ ခုမှစရေးမှဆိုတော့သဘောကျမှဖတ်စေခင်တယ် ခုficသည်စိတ်ကူးယဥ်တစ်ခုသာဖြစ်သည်....ပါဝင်တဲ့အရာမှန်သမျှသည်စိတ်နဲ့ပုံဖော်ထားခြင်းဖစ်သည်