အပိုင်း - (၂၁)

8.5K 666 39
                                    

" နေးလက်ျာက ဘယ်လိုဖြစ်လို့ ဆေးရုံကို ဒဏ်ရာတွေနဲ့ ရောက်လာရဝာာလဲ "

ဖြစ်ပျက်ခဲ့သမျှ နေးနေးရဲ့ အတိတ်ကို ပြန်ပြောင်းပြောပြပြီးနောက် နော်ရန်ဇ ပြတင်းပေါက်ကနေ မြင်နေရတဲ့ အပြင်ပတ်ဝန်းကျင်ကို ငေးမိနေဆဲ ဘေးက ဒုဥက္ကဌရဲ့ အသံကိုကြားမှသာ သတိပြန်ဝင်လာသည်။

" အစောပိုင်းကပြောပြထားသလိုပဲ... အဲ့ဒီနေ့က နေးနေး အိမ်ပြန်နောက်ကျနေလို့ ဂရင်းက နေးနေး ကိုယ့်ဆီမှာရောက်နေလား လှမ်းမေးတာ...

အရမ်းညနက်နေပြီဆိုတော့ စိတ်ပူပြီး ဖုန်းတွေခေါ်နေတာ... ဘယ်လိုခေါ်ခေါ် ဖုန်းက ဝင်နေပေမယ့် မကိုင်ဘူး "

" နောက်တော့ရော ... "

လျှန်စကားထောက်ပေးလိုက်သည်။ ဦးနော်က ရှေ့က စားပွဲပေါ်မှာတင်ထားတဲ့ ပန်းအိုးလေးထဲက ပန်းပွင့်လေးတွေကို လက်ညှိုးနဲ့ အသာထိတွေ့ရင်း ‌ဆက်ပြောသည်။

" နေးနေးက အဲ့လိုအဆက်အသွယ်မရတာမျိုး တစ်ခါမှ မဖြစ်ဖူးတော့ ကိုယ်တို့လည်း ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်... နောက်တော့ သူတို့လည်း ဖုန်းဆက်သွယ်ကြည့်တယ်ထင်တယ်... တစ်ဖက်က ဖုန်းကိုင်လာတယ်တဲ့... နေးနေးတော့ မဟုတ်ဘူး "

" ဘယ်သူ ... "

" ညဆိုင်းအလုပ်ဆင်းတဲ့ကောင်လေးတွေလို့ ပြောတယ်... ပိတ်ရက်မို့အလုပ်သိမ်းပြီး အိမ်ပြန်ကြတာ... လမ်းလျှောက်ပြန်ကြရင်းနဲ့ အသံကြားလို့လိုက်ရှာတော့ ဖုန်းကိုအရင်တွေ့တယ်ပြောတယ် "

" အဲ့တာနဲ့ ... "

လျှန့်ဘက်က ဦးနော်စကားကို ဖြတ်ဖြတ်ပြီးမေးနေတာ လူကြီးကို မလေးစားရာရောက်မှန်း နားလည်ပါသည်။ သို့ပေမယ့် ဒဏ်ရာတွေနဲ့ ဆေးရုံကုတင်ပေါ်မှာ လှဲနေရတဲ့ နေးလက်ျာကိုကြည့်ရင်း အဆက်အသွယ်ပျက်နေတဲ့အချိန် ဘာတွေကြုံခဲ့ရလဲ မသိပေမယ့် ရင်ပူနေပြီဖြစ်သည်။

" အဲ့ဒီကောင်လေးတွေက ဖုန်းကိုင်လိုက်တော့ အကျိုးအကြောင်းပြောပြပြီး နေရာကိုမေးလိုက်တယ်... သူတို့လည်း ဝ်ိုင်းပြီးလိုက်ရှာပေးတာ မြို့အပြင်ဘက်လမ်း ဆင်ခြေလျောတွေအောက်မှာ ဒဏ်ရာတွေနဲ့လဲနေတဲ့ နေးနေးကို တွေ့တာပဲ "

My Beautiful SPOUSE [[ Complete ]] Donde viven las historias. Descúbrelo ahora