အပိုင်း - (၄၅)

679 7 0
                                    

" နေမကောင်းဘူးလား နေး ... မျက်နှာသိပ်မလန်းဘူး "

ကားပေါ်တက်လာတဲ့နေးကို ခါးပတ်မပတ်ပေးသေးပဲ လျှန်က ထွေးပွေ့ထားရင်း နေးမျက်နှာလေးကို ကြည့်လို့ ဆိုလိုက်သည်။ ဆံပင်ရှည်တွေကို ခပ်ဖွဖွသပ်တင်ပေးရင်း ပါးအိအိလေးတွေကို ဆွဲညှစ်လိုက်တော့ စူထွက်လာတဲ့ နှုတ်ခမ်းပါးလေးကို ဖိနမ်းလိုက်သည်။

" ဒီနေ့ စာတွေအရမ်းများတော့ ခေါင်းနည်းနည်းကိုက်နေလို့ "

" ဟင် . အရမ်းကိုက်နေတာလား ... ကိုယ်တို့ဆေးခန်းသွားကြမလား "

နေးလက်ျာက အာရုံကြောထိခိုက်ထားသူမလို့ ခေါင်းကိုက်ပြီဆိုတာနဲ့ လျှန့်မှာ စိတ်ပူရပါသည်။ နားထင်နှစ်ဖက်ကို လက်ချောင်းတွေနဲ့ အသာအယာ နှိပ်နယ်ပေးရင်း နေးလက်ျာ သက်တောင့်သက်သာရှိစေဖို့ ကြိုးပမ်းမိသည်။

" ဆေးခန်းမသွားချင်ဘူး ကိုကို "

" ပိတ်ရက်ကျရင်လည်း ဆေးရုံသွားရမှာ... နေး အဆင်ပြေရဲ့လား "

" နေးက ဘာအဆင်မပြေစရာရှိလို့လဲ ကိုကိုရဲ့ "

ဆေးရုံဆိုတဲ့အသံကြားတော့ သူမတူစွာ လန်းဆန်းလာတဲ့မျက်နှာလေးက ခုနတုန်းကနဲ့မတူစွာ ကြည်လင်လာသည်။

" အဲ့နေ့အတွက် နေးအရမ်းရင်ခုန်နေရတာ ကိုကို "

ပိတ်ရက်မှာ နေးလက်ျာ ကိုယ်ဝန်ဆောင်နိုင်ဖို့နဲ့ပတ်သက်ပြီး နေးရော လျှန်ကပါ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ရမှာဖြစ်သည်။ ဆေးစစ်တာတွေအားလုံး ပြီးသွားကာမှ ခွဲစိတ်မှုစတင်မှာဖြစ်တာကြောင့် နေးသာမက လျှန်ပါ စိတ်လှုပ်ရှားရပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေရတဲ့အချိန်ဖြစ်သည်။

" အဲ့တာဆို အိမ်ပြန်နားရအောင်နော် နေး ... လစ်ဒီ့ကို နေး အားရှိအောင် စွတ်ပြုတ်လေးချက်ခိုင်းလိုက်မယ်နော် "

ကြည်ကြည်သာသာ ခေါင်းညိတ်ပြလာတဲ့ နေးလက်ျာလေးကို အသည်းယားစွာ ဆံပင်ရှည်တွေကို ဆွဲဖွပစ်လိုက်ပြီး နောက်ဆုံးအနေနဲ့ နှာခေါင်းဖျားလေးကို မနာအောင်ကိုက်ပစ်လိုက်သည်။ ပြီးကာမှ လျှန့်ဘေးကခုံမှာ နေရာတကျ မှီထိုင်စေရင်း ထိုင်ခုံခါးပတ်ကို သေချာပတ်ပေးလိုက်သည်။

My Beautiful SPOUSE [[ Complete ]] حيث تعيش القصص. اكتشف الآن