Deborah Seymour.(ဒီဘိုရာ စီမော)
သူမက တိုင်းပြည်ရဲ့အားကြီးတဲ့ အုပ်ချုပ်သူ ရက်စက်တဲ့လုပ်ရပ်မှန်သမျှကို လုပ်တယ်လို့ နာမည်ကြီးတဲ့ ဝန်ကြီး Seymour ရဲ့သမီးဖြစ်တယ် ။
ရက်စက်ယုတ်မာတဲ့ မိန်းမလို့ ခေါင်းစဉ်ပေးခြင်းခံထားရတဲ့ Deborah ပွဲတော်ခမ်းမထဲကို ဝင်သွားတာနဲ့ ပျော်ရွင်တက်ကြွမှုနဲ့ ပြည့်နေခဲ့တဲ့ခမ်းမက ချက်ချင်းဘဲ တိတ်ဆိတ်သွားတော့တယ်။
" မိတ်ကပ်ကိုဘယ်လို ပုံစံကြီးပြင်ထားတာတုန်း"
"အတင်းအဖျင်းတွေထဲကထက်တောင်ပိုဆိုးနေတယ်"
မင်းသမီး Deborah က ၀တ္ထုတွေ လူတွေရဲ့ စိတ်ကူးယဉ်ထဲမှာ ရှိနေတဲ့ စုန်းမဆိုတဲ့ ဇာတ်ကောင်ရဲ့ သရုပ်ဖော်ဖြစ်လေတယ်။
စူးရှတဲ့မျက်လုံး ထူထပ်ပြီးအရောင်တောက်တဲ့ မျက်လုံးအရောင် ၊ ရဲရဲတောက်နေတဲ့ နှုတ်ခမ်းနီ ၊ အမြဲတမ်းတောက်ပနေပြီး ဘာမှမဆင်ယင်ထားတဲ့ ခရမ်းနက်ရောင်ဆံပင်တွေက သူမရဲ့မူပိုင်သာဖြစ်လေတယ်။
အကယ်၍စုန်းမတွေသာရှိခဲ့မယ်ဆိုရင် သူတို့က သူမနဲ့တစ်ပုံစံထဲ တူညီမှာဖြစ်လေတယ်။
ပွဲကိုတက်ရောက်လာတဲ့ တခြားမိန်းမပျိုလေးတွေက လက်ရှိရာသီဖြစ်တဲ့ နွေဦးနဲ့လိုက်အောင် ခါးထိန်းတွေရဲ့အပေါ်မှာ အရောင်ဖျော့ဖျော့ဝတ်စုံတွေကိုဝတ်ဆင်ထားကြလေတယ်။
ဒါပေမယ့် Deborah ကတော့ပုံမှန်မဟုတ်တဲ့ ဝတ်စုံနဲ့ပွဲကိုရောက်လာလေတယ်။
မင်းသမီးရဲ့ အံဝင်ခွင်ကျမဖြစ်ဘဲ စုတ်ပြတ်နေတဲ့ ပုံစံကြောင့် မိန်းမပျိုလေးတချို့က သူတို့ရဲ့မျက်နှာကို ယပ်တောင်နဲ့ကာပြီး သက်ပြင်းချကြတယ်။
ဒါပေမယ့် မင်းသမီးဝတ်ထားတဲ့ ဝတ်စုံက သူမနဲ့တော့ လိုက်ဖက်မှုရှိတယ်။
အလွန်မှင်သက်စရာကောင်းတဲ့ မိန်းမလှလေးဖြစ်တဲ့အတွက် သူမမှာ လူတွေကိုဆွဲဆောင်နိုင်တဲ့အလှရှိတာကြောင့် သူမပုံစံကို စုန်းမအဖြစ်ပိုပေါ်စေတယ်။
အဲ့တာတွေဖြစ်ပျက်နေတုန်းမှာဘဲ သူမက နယ်စား (မာကို)Marco ရှေ့မှာရပ်ပြီးတော့ သူမရဲ့ ယပ်တောင်ကိုဆွဲထုတ်လိုက်တယ်။
YOU ARE READING
Isn't Being Wicked woman much Better
FantasyAuthor - 망고킴 Other Names- What's Wrong with Being the Villainess? 악녀라서 편하고 좋은데요? 212 Chapters (Ongoing): -Main story: 185 Chapters (completed) -side stories: 20 Chapters (Completed) -special side stories: 7 Chapters (Ongoing)