မဝေးလှသော အတိတ်တနေရာသို့ ပြန်ပြောင်းစဥ်းစားနေရင်း ကျောင်းတံခါး၀ရှိရာသို့ ချန်းယောလ် လမ်းလျောက်လာခဲ့သည်။ အရင်ချိန်တွေတုန်းက ကျောင်းသွားရင် driver ဦးလေးကြီးတွေလိုက်ပို့နေကျမို့ တအားပျင်းဖို့ကောင်းခဲ့တာ... အခုများတော့ ဘတ်စ်ကားတိုးစီးပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမယ့်သူ.. ထမင်းဗူးထုပ်ပေးမယ့်သူနဲ့မို့ ခြေလှမ်းတွေမြေကြီးနဲ့မထိချင်ပဲ မြောက်တကြွကြွ ဖြစ်နေသည်။
''ကိုကို.. မောနေလား ''
'' ဒီလောက်လမ်းခရီးတော့ အပျော့ပါကွာ...
မင်းကလည်း.. လူကို အထင်သေးလို့ ''လိုင်းကားဂိတ်နဲ့ အတော်အတန်ဝေးသော ကျောင်းတံခါးပေါက်ကို လျောက်ရာလမ်းက ကုန်းအတက်ကြီးဖြစ်နေသည်။ အားကစားလုပ်နေကျ ချန်းယောလ်က မပင်ပန်းပေမယ့် ဟောဟဲသံလေးတွေထွက်နေတဲ့ ကိုကိုက နှဖူးစပ်လေးမှာ ချွေးစို့နေတာမြင်လိုက်တော့ အားနာစိတ်လေးဝင်မိသည်။
"ထမင်းဗူးပေးလိုက် ကိုကို... ဒီအထိလိုက်ပို့ရင်ရပါပြီ ''
'' သွားပါ... တံခါးပေါက်အထိလိုက်ပို့ပေးမယ်''
'' ကျောင်းသားမိဘလဲ မဟုတ်ပဲ ..
အဲ့လောက်ထိ လိုက်လာစရာမှမလိုတာ... ''" အိမ်း... ငါ့ ... အသက်အရွယ်ကတော့ ခလေးကျောင်းပို့ရမယ့်အရွယ်ပဲ မဟုတ်ဘူးလား ''
- မဟုတ်ပါဘူးနော်... ကျနော့ ရင်ခွင်ထဲ၀င်ပြီး ခလေးလေးလုပ်ရမယ့် အရွယ်ပါ လို့ ပြောချင်တဲ့စိတ်ကို အမြန်ချိတ်ပိတ်လို့ ခပ်ဖြည်းဖြည်းလျှောက်နေပြီးမှ ကျောင်းရှေ့အရောက်မှာ ထမင်းဗူးအိတ်လှမ်းယူလိုက်ရသည်။
''ချန်းယောလ်လီ တက်တဲ့ကျောင်းက တကယ်ကြီးတာပဲ ''
'' စည်းကမ်းလဲအရမ်းကြီးတယ်... စာမေးပွဲစစ်တာတင်းကျပ်တယ် နည်းနည်းလေးတော်နေရုံနဲ့ အဆင့်တစ်ပေးတာမဟုတ်ဘူး ''
'' အေးပါ... တော်မှန်းသိပါတယ်..
ဆက်ပြီးကြိုးစားလိုက်ဦး... ကိုကိုသွားပြီနော် '''' ဟုတ်.. ကိုကို ''
ဆင်ခြေလျှောလေးအတိုင်း ဘတ်ဟျွန်းပြန်လျှောက်လာချိန်မှာ တက်လာတုန်းကလောက်မပင်ပန်းတော့ပဲ လေညင်းသဲ့သဲ့ကြောင့် အေးမြမှုကိုခံစားလိုက်ရသည်။ နောက်ထပ် ကားတဆင့်စီးပြီးမှ မူကြိုကျောင်းရောက်မှာဆိုတော့လည်း ချန်းယောလ်ကို နေ့တိုင်းကျောင်းပို့နေလို့ အလုပ်ချိန်ကမောက်ကမ မဖြစ်အောင် ပြေးရလွှားရတော့သည်။
YOU ARE READING
Sugar Baby 🍭
FanfictionI may be strict and stingy at times... But I'd like to be your sugar baby ❤ # Chanbaek fanfic # Yaoi.. BL ❤