'' ငါ့ကောင်လေး... စာမေးပွဲဖြေနိုင်ရဲ့လားမသိ ''
'' ဟင်... ဘယ်သူ?''
ခေါက်ဆွဲပြုတ်ဗူးထဲ တူနဲ့ထိုးမွှေရင်း လူတခြားစိတ်တခြားဖြစ်နေပုံပေါ်တဲ့ ဘတ်ဟျွန်းကို ဂျုံအင် တအံ့တသြကြည့်မိတယ်။ ပိတ်ရက်ကြီး အိမ်မှာတယောက်တည်းပျင်းလို့ minimart ရောက်နေသူက ဂျုံအင့်ကို ကူညီမယ်မရှိပဲ သူနဲ့ချန်းယောလ်တူတူထိုင်နေကျစားပွဲခုံမှာ စိတ်ပျက်လက်ပျက်ရုပ်ကြီးနဲ့ထိုင်ရင်း exp နီးတဲ့မုန့်တွေ တထုပ်ပြီးတထုပ် ယူစားနေတော့တာ။
'' ခနလေး.. ခုနကျနော့ကို ပြောလိုက်တာလေး ပြန်ပြောလို့ရလား ''
'' သြော်... ချန်းယောလ် စာမေးပွဲဖြေနိုင်ရဲ့လား တွေးနေတာ ''
'' မဟုတ်ပါဘူး... ငါ့ကောင်လေးလို့ ပြောလိုက်တာပါ ''
'' မပြောပါဘူး.. ''
'' ပြောပါတယ်.. Hyung ကလည်း
ကျနော့နားနဲ့ သေချာကြားလိုက်တာ.. '''' အောဟော... လူကြီးကမပြောရင်မပြောဘူးပေါ့..
မင်းက ဘာအရစ်ရှည်ချင်တာလဲ ''ခုနှစ်သံချီနဲ့ အော်ပေးလိုက်တော့မှ ခေါင်းတခါခါနဲ့ဆိုင်ထဲပြန်ဝင်သွားတဲ့ ဂျုံအင်ရယ်... စားပွဲမှာထိုင်ပြီး တိတ်ဆိတ်နေတဲ့ ဘတ်ဟျွန်းရယ်ပဲ ရှိတယ်။ လောကကြီးက ပျင်းခြောက်နေသလိုလို....
ဒါနဲ့ နေပါဦး... ခုကတကယ်ကြီး ငါ့ကောင်လေးလို့ပြောမိသွားတာလား။ ဂျုံအင်က မဟုတ်တာလျှောက်ပြောတတ်တဲ့ကောင်မှမဟုတ်ပဲ။ ဟိုကောင်လေး လို့ပြောမယ့်ဟာကို ပါးစပ်ကမှားထွက်သွားတာဖြစ်ရမယ်။ အထင်လွဲစရာတွေဖြစ်ကုန်ပြီမလားမသိ...
* Ting ~~ *
* ကိုကို နေကောင်းလား။
ကျနော် စာမေးပွဲမနက်ဖြန်ပြီးပြီ
ဘယ်မှာတွေ့ကြမလဲ *ပူလောင်အိုက်စပ်လျက်ရှိသော နွေနေ့လည်ခင်းမှာ air con ထက်ပိုအေးနိုင်သော တစုံတခုကိုတွေ့လိုက်ရတဲ့အတိုင်း ဘတ်ဟျွန်း နှုတ်ခမ်းထောင့်လေး အပေါ်ကော့တက်သွားရသည်။ သူ့ကောင်လေး....အဲလေ...ဟိုကောင်လေးက တနေ့ကို အနည်းဆုံး ဆယ်စောင်ခန့်ပို့နေတဲ့ msg လေးတွေပေါ်လာတိုင်း ပြုံးမိသွားတာ ဘာကြောင့်ပါလဲ။
BINABASA MO ANG
Sugar Baby 🍭
FanfictionI may be strict and stingy at times... But I'd like to be your sugar baby ❤ # Chanbaek fanfic # Yaoi.. BL ❤