Part - 1

70 4 2
                                    

🍃 29 . 9 . 2023 🍃

“ မေမေ  အဟင့် ဟင့် သတိထားပါအုံး မေမေရယ် သားတို့ကို မထားခဲ့ရဘူးနော် ဟင့် ဟင့်
သား တောင်းပန်ပါတယ် မေမေရယ် သားဘဝမာ မေမေနဲ့ဖေဖေသာ အလိုအပ်ဆုံးမို့
သားကို မထားခဲ့ပါနဲ့မေမေရယ် .....”

ရန်ကုန်မြို့၏။ ဆေးရုံတခုတွင် အသားဖြူဖြူ , မျက်မှန်လေးနဲ့ ၁၂ နှစ်အရွယ်ကောင်လေးတယောက်
ကုတင်ထက်က မိခင်အား လက်ကလေးကိုစုပ်ကိုင်လို့ ကလေးတယောက်နှယ် ငိုနေရှာ
တော့သည်။

မိန်းမဖြစ်သူ၏။မွေးရာပါ နှလုံးရောဂါကြောင့် , ရှိသမျှစုဆောင်းထားတဲ့ ပိုက်ဆံတွေကုန်တဲ့ထိ ကုသရပင်မယ့် မထူးခြားလာ နောက်ဆုံး ဆေးရုံတွင် အသဲအသန်အသက်လုပြီး ဖြစ်နေရှာတဲ့ မိန်းမကိုကြည့်ပြီး ,
ဦးဖြိုးပြည့်တယောက် , ယူကျိူးမရဖြစ်ရသည်။ ၁၂ နှစ်အရွယ်သားလေးနဲ့လောကကိုအံတုပြီး ရသမျှအလုပ်ဝင်ခဲ့၍ မိန်းမဖြစ်သူတွက် ဆေးကုသခဲ့ရသည်။

“ ဒေါက်တာ ကျနော့်မိန်းမရဲ့ အခြေနေလေး
သိပါရစေ ”

“ ဟုတ်ကဲ့ ပြောရမာတော့ အားနာပင်မယ့်
ခဗျားမိန်းမရဲ့နှလုံးက မွေးရာပါဖြစ်နေတာရေား နှလုံးကလည်း အလုပ်သိပ်မ‌လုပ်တော့ဘူးခဗျာ ... နှလုံးအစားထိုး ကုသမယ်ဆိုရင်
သက်သာလာနိုင်ပင်မယ့် ရာခိုင်နှုန်းအပြည့်တော့ ခန့်မှန်းလို့မရဘူးခဗျ ”

“ ဟို ဒေါက်တာရယ် နှလုံးအစားထိုးကုမယ်ဆိုရင်လည်း ကျနော်ကုပါ့မယ် ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်မိန်းမကို ကယ်ပေးပါဆရာ
တနှစ်လောက်ထိ အတူနေရလည်း ကျနော် ကျေနပ်ပါတယ် ဒေါက်တာရယ် ”

“ အင်း လူနာရှင်က တောင်းဆိုရင်လည်း
ကုသလို့ရပါတယ် ဒါမဲ့ အကုန်ကျအရမ်းများတယ် ခဗျားတို့ဘက်က အဆင်ပြေပါ့မလား ”

“ ခ....ခဗျာ... ဘယ်လောက်လောက် ကုန်ကျနိုင်လည်း ဆရာ  ”

“ အနည်းဆုံးတော့ အတိကျပြောလို့မရပင်မယ့် 200 လောက်တော့ ကုန်ကြမယ်လို့ ထင်ပါတယ် ဒါက အကြမ်းဖျင်းပါ ”

“ ဗျာ 200 200 လားဆရာ သိန်း 200 လား ”

“ ဟုတ်ပါတယ် ဦးဖြို့ပြည့် အဆင်ပြေလို့
ခွဲစိတ်ကုသချင်ပါတယ်ဆိုရင် ကျနော့်ကို
လာတွေ့လို့ရပါတယ်ခဗျ အခုကျနော့်ကို
ခွင့်ပြုပါအုံး ”

Game Over ( Ongoing )Where stories live. Discover now