🍃 10 . 10 . 2023 🍃
“ သားငယ် ပြန်လာပြီလား ”
“ဟုတ်.!! ဦးဦးငယ် ထူးပြန်လာပြီ! ဒါနဲ့လေ ဒေါ်ငယ်ကေားဟင်..! ”
ကျောင်းကပြန်ရောက်ချင်း ၊ ဒေါ်ငယ်ကိုမတွေ့မိတာကြောင့် ၊ ထူး ဦးငယ်ကိုမေးမိချင်း၊ ဒေါ်ငယ်ကို ဒီနေ့ ထူးဖြစ်ပျက်လာရတဲ့ ပြဿနာတွေကို ပြောပြချင်တာကြောင့် ၊ ထူးက နေ့တိုင်း ညတိုင်း ကိုကို့အကြောင်း ၊ ပြောပြနေကြ ၊ အခုလည်း ကိုကိုနဲ့တူတဲ့ လူတယောက်ကို တွေ့မိတာကြောင့် ဒေါ်ငယ်ကို ပြောပြချင်လို့ ရှာနေမိခြင်း ။
“ ဘာဖြစ်လို့လည်း ! သား! သား ဒေါ်ငယ်က
ညဈေးသွားတယ် ၊ ပြန်လာအုံးမာ မဟုတ်သေးဘူး ၊ ”“ ဟုတ်လား !! အ့ဆို သား! အလုပ်သွားတော့မယ်နော် ဦးငယ်!! ”
“ အင်းသား! ဂရုလည်းစိုက်အုံး! စာကျက်ချိန်တွေကေား ရရဲ့လားသား ! ”
“ ရပါတယ် ဦးငယ်ရဲ့! အခု coffee ဆိုင်မာအချိန် 2 နာရီထဲ ၊ အဲ့ကပြန်လာရင် ၊ ညဈေးက ၊ မုန့်စားတမ်းမာ စားပွဲထိုး၊ ဟီးး အဆင်ပြေပါတယ် ဦးငယ်ရဲ့ !! ”
“ ပြေတာက ပြေတာပေါ့ သားရယ်! သားရဲ့ရောဂါနဲ့ ညဘက်အိမ်ပြန်လာတော့ 10 နာရီ ၊ အဲ့ကနေ ရေချိုး စာကျက်နဲ့ သားအိပ်ချိန်တွေ နည်းတယ် သား! ”
ဦးငယ်ပြောတာလည်း အမှန်ပင်၊ ကျောင်းတဖက် ၊အလုပ်တဖက်နဲ့ ၊ စာကျက်ရတာက တမျိုး ၊ သူ့အတွက် အရမ်းခက်ခဲတယ် ၊ ဒါမဲ့လည်း ထူးကြိုးစားမှရမယ် ၊ ဒါမှ သားမေမေတွက် တင်နေတဲ့ အကြွေးတွေ ဆပ်နိုင်မာမို့ ၊။
ခက်ခဲပင်ပန်းလည်း အဆင်ပြေအောင် ကြိုးစားရမယ် ။“ ရပါတယ် ဦးငယ်ရယ်! ထူး လုပ်နေကြပဲဟာ !! ထူးအတွက် မစမ်းတော့ပါဘူးနော်..! ”
ပြုံးစစနဲ့ ပြန်ဖြေလာတဲ့ ၊ ကလေးကိုကြည့်ပြီး
ကိုသက်ပိုင် ပြုံးလိုက်သည်။ ဒီကလေး အိမ်ရောက်ထဲက လိမ္မာသလို ၊ ပြောစကားလည်း
နားထောင်တက်တယ် ၊ အခုလိုအလုပ်ကလွဲလို့ပေါ့ ၊ ကလေးရဲ့ နေပုံထိုင်ပုံကို ကြည့်ပြီး ၊
ဒီကလေးရဲ့ ဖြစ်တည်မှုကို ကိုသက်ပိုင် ရိပ်မိလာသည်။ အိမ်ခေါ်လာထဲက ကိုကို့အကြောင်းကြီးပဲ ပြောနေတာကြောင့်၊ ဆေးရုံမာ သတင်းစုံစမ်းခဲ့ပေးခဲ့သော်လဘ်း ကံဆိုးချင်တော့ နိုင်ငံခြား ပြောင်းသွားသည် ဟူ၍သာ သိခဲ့ရသည်။
YOU ARE READING
Game Over ( Ongoing )
Romanceအချစ်ကို ကစားစရာလို ယှဉ်ပြိုင်လာတဲ့အခါ , ဖတ်ရှု့ပေးပါအုံး 🦋 I am for you Is it a toy?