🍃6 . 10 . 2023🍃
မိုးလင်းချင်ချင်း , အာရုံထဲဝင်လာတာက , ဒေါ်ငယ်ဇင်ရဲ့ အသံ ၊
“ သားရေ.. သားလေးထူးရေ ထတော့လေကွယ် ကျောင်းနောက်ကျမယ် ထတော့သား..!! ”
ထူးရဲ့တနေ့တာကတော့ ဒေါ်ငယ်ရဲ့ အသံလေးစတယ် ၊ အခုဆို ထူး 9တန်းတက်နေတာ ဖြစ်ပြီး ၊ ကျောင်းကပြန်လာရင် အချိန်ပိုင်းအလုပ် ၂ ခုလုပ်တယ် , ဦးငယ်နဲ့ ၊ ဒေါ်ငယ်က
ပေးမလုပ်ပင်မယ့် မေမေ့ရောဂါကြောင့် ၊ တင်နေတဲ့အကြွေးတွေကို ဖေဖေတယောက်ထဲဆပ်နေရတာမမြင်ရက်လို့ ၊ ထူး အချိန်ပိုင်းအလုပ်လုပ်ရတယ် ၊ ကျောင်းနားရက်တွေ ၃ခုလောက်လုပ်တယ် ၊ ပြီးမှ ဖေဖေ အလုပ်လုပ်နေတဲ့ companyသွားပြီး ဖေဖေ့ကိုသွားတွေ့တယ် ။ အင်းးး ထူးအကြောင်းတွေ နောက်မှဆက်ပြောပြမယ်နော် အခုတော့ ဒေါ်ငယ်နှိုးနေပြီ ထတော့မယ် ၊ မဟုတ်ရင် ဒေါ်ငယ် ဆူပုတ်နေတော့မာ။“ ဗျားးးး ထပြီး ဒေါ်ငယ်ရေ ...”
ဦးငယ်နဲ့ဒေါ်ငယ်က ထူးကို ငယ်ငယ်ထဲက မေမေဆုံးပြီး ၊ ဆေးရုံကနေ ခေါ်လာပြီး ကျွေးမွေးပြုစုေစာင့်ရှောက် ထားတာပေါ့၊
ဖေဖေက ဦးငယ်နဲ့ဆို စိတ်ချတဲ့တယ်လေ၊
ဦးငယ်နဲ့၊ ဒေါ်ငယ်မာ သားသမီးမရှိလို့၊ ထူးကိုဆို သားအရင်းတယောက်လို ချစ်တာ။“ ထပြီဆိုလည်း ! အသံအရင်မပေးနဲ့သားရေ လူအရင်ထ !! ကျောင်းနောက်ကျမယ်၊ သားဦးငယ် ဆေးရုံမသွားခင် ဝင်ပို့ပေးခဲ့မာ.. မြန်မြန်လုပ်နော် သားရေ..!! ”
“ ဟုတ်ကဲ့ပါ ဒေါ်ငယ်ရဲ့ !! အရမ်းပွားတာပဲ
ထူး နိုးနေပါပြီ ထပြီနော် ဒေါ်ငယ်..! ”“ အမယ် အရမ်းပွားတယ်တဲ့ ပြီးရင် သူလေးပဲ နောက်ကျတာ ဟွန့် !!”
ပွားနေကြ အသံလေးမို့ ဘာမှပြန်မပြောသေးပဲ ၊ ရေချိုးခန်းထဲသာ ဝင်ပြီး ရေမိုးချိုး ၊ ကိုယ်လက်သန့်စင်လိုက်သည်။ ပြီးမှ အဝတ်စားလဲ၊ စာအုပ်တွေ သေချာစီစစ်ယူခဲ့ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
“ ထူး !! လာ ဒီမာထိုင် !! ဒီမာ သားရဲ့ ဒေါ်ငယ် ပြင်ပေးထားတဲ့ မနက်စာ မုန့်ဟင်းခါး”
“ ဟားး ထူးအကြိုက်ပဲ ဟီးး ! အ့ကြောင့်
ဒေါ်ငယ်ကို ချစ်နေရတာ ”
YOU ARE READING
Game Over ( Ongoing )
Romanceအချစ်ကို ကစားစရာလို ယှဉ်ပြိုင်လာတဲ့အခါ , ဖတ်ရှု့ပေးပါအုံး 🦋 I am for you Is it a toy?