တိတ်ဆိတ်သည့် ဂူသင်္ချိုင်းအတွင်း ထိုစကားလုံးငါးလုံးနှင့်အတူ ခပ်အုပ်အုပ် အသံတစ်ခု ပူးတွဲထွက်ပေါ်လာသည် ။
" ဖောက် !"
ကျိုးရန်လက်တုန်သွားပြီး ထပ်မလှုပ်ရဲတော့ချေ ။
ရွှေရောင်ပိုးသားခေါင်းအုံးပေါ်ရှိ သူ့နားရွက်နံဘေး စင်တီမီတာအနည်းငယ်အကွာ၌ လတ်လတ်ဆတ်ဆတ် အဝိုင်းပေါက်လေးတစ်ခု ရှိနေသည် ။ လှပဝိုင်းစက်သော ကျည်ဆံပေါက်ရာလေးပင် ။
လူတိုင်း၏မျက်လုံးများက သေနတ်ပစ်လိုက်သည့် တရားခံရှိရာသို့ စုဝေးသွားကြသည် ။
" ကျွန် ... ကျွန်တော် , မ .... မရည်ရွယ်ပါဘူး "
တရားခံက အတော်လေး ငယ်ရွယ်ပုံပေါက်သည် ။ သူ ကြောက်ကြောက်နှင့် တံတွေးမြိုချလိုက်၏။နမော်နမဲ့နဲ့ ကျည်ဆံထွက်သွားခဲ့ရုံပါ ! တကယ် မရည်ရွယ်ပါဘူး !
ကျိုးရန် ခုမှ သက်ပြင်းချနိုင်သည် ။
တော်ပါသေးရဲ့ ! သူ့အသက်လေး ရှိနေသေးလို့ !
အမ် , ဘာကြီး ! မရည်ရွယ်ပါဘူး ဟုတ်လား ?!
လူငယ်လေးရဲ့စကားကြောင့် ကျိုးရန် အခေါင်းထဲက ခုန်ပျံထွက်ပြီး လည်ပင်းပြေးညှစ်ချင်သွားသည် ။
အေး ဘယ်သောက်ကောင်မှ မင်းစကား ယုံမနေဘူး ! မင်းဘိုးအေ ငါက သေခါနီးဆဲဆဲ ဖြစ်သွားတာ !
System က အချိန်ကိုက် နှစ်သိမ့်လာသည် ။
[စိတ်အေးအေးထားပါ]
ကုကျန်း မျက်မှောင်ကြုပ်ကာ အခေါင်းထဲမှလူအား ငုံ့ကြည့်လိုက်သည် ။ ထိုလူ့မျက်တောင်ဖျားလေးတွေတုန်ပြီး မျက်ရည်များ အထိန်းအကွပ်မဲ့ကာ ကျဆင်းနေပုံက အင်မတန် ကြောက်လန့်နေသည့်ဟန် ။
ရင်ထဲမှာ သူ့ဘာသာဖြစ်တည်လာတဲ့ ကြောက်စိတ်ကို မည်သူကများနားလည်နိုင်မှာလဲ ။
[ဘယ်သူက စိတ်အေးနိုင်မှာလဲ ကျည်ဆံလမ်းကြောင်း နည်းနည်းလေးလွဲသွားတာနဲ့ ငါ့အသက်နဲ့ကိုယ် အိုးစားကွဲပြီ ခုချိန်ဆို နတ်ပြည်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ အကြည်ဆိုက်နေရလောက်ပြီကွ ]
YOU ARE READING
အိပ်မက်မက်မနေနဲ့ ! နိုးထတော့
Science Fictionoriginal author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200