ဒီနေ့မှလကပိုသာနေသလိုပင်။
ဘာလဲသဘာ၀တရားကြီးကပါငါ့ကိုရွဲ့နေတာလားဟ
တစ်သက်လုံးဘ၀ကိုပျော်ပျော်ပါးပါးနဲ့တစ်ကိုယ်တည်းဖြတ်သန်းမယ်လို့ဆုံးဖြတ်ထားခါမှ......"သူကဘာလို့ငါ့ဘ၀ထဲအလွယ်တကူ၀င်လာတာလဲ။
ကျစ်! ကပ်ပါးကောင်! ငါသွားသမျှနေရာတိုင်းကိုလိုက်ပြီးဖျတ်လို့ဖျတ်ဆီးလုပ်နေတဲ့ချီးထုတ်ကောင်။"လက်ကြားမှာညှပ်ထားတဲ့ဆေးလိပ်ကိုမီးညှိဖို့ ရှာရင်းး
မိမိမြင်ကွင်းရှေ့ ခပ်သွယ်သွယ်လက်ဖမိုးလေးတစ်ခုကကျရောက်လို့လာ၏။
ထိုလက်ပိုင်ရှင်ဟာတခြားသူမဟုတ်....ခွန်းစေ ပင်။"ငါမီးညှိပေးမယ် ဇိုင်ရမ်"
လရောင်အောက်မှာမို့ထိုလူ၏မျက်နှာအစိတ်ပိုင်းတစ်ခုခြင်းဆီကထင်းခနဲပင်။
၀င်းမွတ်နေတဲ့မျက်နှာအသားရည်ပေါ်မှာသွေးကြောစိမ်းလေးတွေကပြန့်ကြဲလျက်
ခပ်လုံးလုံးနှာခေါင်းထိပ်လေးကဆွဲညှစ်ပစ်ချင်စရာကောင်းလှ၏
ယပ်တောင်သဖွယ်ဖြာကျနေတဲ့မျက်တောင်မွှေးတွေကလည်းမီးရိူ့ပစ်ချင်စရာ
မီးညှိဖို့ကိုအာရုံစိုက်နေလို့လားမသိ၊ထိုလူ့မျက်၀န်းတွေကဝိုင်းစက်နေ၏။
ထိုကျော့ကွင်းအတွင်းမတိမ်းညွှတ်အောင်......."ဖယ်စမ်း ခများလက်။"
"ငြိမ်ငြိမ်နေလေ ဇိုင်ရမ် ဆေးလိပ်မှာမီးမစွဲသေးဘူး။"
"ခများ!!"
အသံကဟိန်းသွားလို့လားမသိ။မိမိကိုအလန့်တကြားမော့ကြည့်လာသူရဲ့မျက်၀န်းတွေကတစ်စထက်တစ်စအရောင်ရင့်လာသလို
"ဇိုင်ရမ် ငါ့ကိုစိတ်တိုနေတာလားဟင်"
"စိတ်လည်းမတိုဘူး၊စိတ်လည်းမဆိုးဘူး၊စိတ်ထဲမှာလည်းမရှိဘူး။"
ထိုစကားတွေကဆေးလိပ်ငွေ့တွေကြားပျောက်ကွယ်သွားလျက်။
>>>>>>>>>
<<<<<<<
စိတ်ထဲမှာအပြစ်လုပ်ထားမိသလိုမဝံ့မရဲနဲ့
အကြောင်းပြချက်ရယ်လို့မယ်မယ်ရရမရှိပေမဲ့
ထိုစံအိမ်ရဲ့ခမ်းနားမှုကြောင့် အနည်းငယ်ရှိန်နေသလိုပင်။"ရောက်ပြီလားအကိုလေး ခွန်းစေ"
မိမိနာမည်ခေါ်သံကြားမှ တွေးလက်အတွေးတွေကိုရုတ်သိမ်းဖို့ပြင်ရတော့တယ်။
YOU ARE READING
Dark side
Romance""အရှေ့ရပ်မှာရှိသော ဇိုင်ရမ် လေးဘေးကင်းပါစေ။ဇိုင်ရမ် လုပ်သမျှအကုသိုလ်မှန်သမျှကို ခွန်းစေ ဆိုတဲ့ငါပဲခံယူမယ်" "အရှေ့ရပျမှာရှိသော ဇိုငျရမျ လေးဘေးကငျးပါစေ။ဇိုငျရမျ လုပျသမြှအကုသိုလျမှနျသမြှကို ခှနျးစေ ဆိုတဲ့ငါပဲခံယူမယျ"