"ခွမ်းးးး!"
ထိုအသံကထမင်းစားခန်းကနေပီပီသသထွက်ပေါ်လာသောအသံ။
"ဇိုင်ရမ်"
"ဘာလဲ"
"မင်းသက်သက်မဲ့ပန်းကန်တွေခွဲပစ်တာမလား"
အလိုမကျမှုကြောင့်တွန့်ကျိုးနေတဲ့ထူထဲထဲမျက်ခုံးမွှေး၊ဒေါသကြောင့်တည်တင်းနေတဲ့မျက်နှာ၊ကျစ်လစ်သောbody
ဇိုင်ရမ် ဒေါသထွက်နေရင်အရမ်းကြည့်ကောင်းတယ်။"ထိခိုက်မိသွားသေးလား ဇိုင်ရမ်"
"ကျစ်!"
စုတ်တစ်ချက်သပ်ပြီး မိမိရှေ့က လူကိုခပ်ချဉ်ချဉ်ကြည့်ပေးလိုက်တယ်။
ကိုယ့်ကိုငုံ့မိုးကြည့်နေတဲ့မျက်နှာကိုကြာကြာမကြည့်ရဲတော့.......
"ဇိုင်ရမ် ငါမေးတာဖြေလေ"
"ခများမေးတာတွေဖြေနေရအောင် ခများ ကကျုပ်အတွက်ဘောင်မ၀င်တဲ့ အောက်တန်းစား! လေ။"
"မင်းးး"
ဇိုင်ရမ် နဲ့ပတ်သက်ရင်မိမိမှာထိလွယ်ရှလွယ်တယ်။ထိုမျှလောက်ထိ ဇိုင်ရမ် ကိုချစ်တာ။ ဇိုင်ရမ် လေသံပြောင်းတာကအစ စိတ်sensestive ဖြစ်တာ။
ကျလုဆဲဆဲမျက်ရည်စတွေကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး......"ဇိုင်ရမ် မင်းဒီနေ့အပြင်မသွားပါနဲ့လားဟင်"
"ဟ့ ခများနဲ့ကျုပ်လက်ထပ်ထားတယ်ဆိုတာနဲ့ပဲ ခများကျုပ်ကိုအဲ့လိုလာမချုပ်ချယ်နဲ့လေ!"
"မဟုတ်ပါဘူး ဇိုက်ရမ် ရယ် စေ ဆိုလိုတာက......"
"တိတ်စမ်းး! မပြောနဲ့ ဇိုင်ရမ် ကိုအမိန့်တွေလာမပေးနဲ့၊ဇိုက်ရမ် လုပ်ချင်တာလုပ်မှာ၊လူသတ်ချင်ရင်လည်းသတ်မှာပဲ၊ ဒီလောကကြီးမှာ ဇိုင်ရမ် ကိုဘယ်သူမှမတားနိုင်ဘူး။"
လှည့်ထွက်သွားလုဆဲဆဲ ကိုယ်လုံးကိုမိမိဘက်အသာဆွဲယူလိုက်ပြီးး
"ဇိုင်ရမ် ဆီကျရောက်မဲ့ အန္တာရာယ်မျိုးစုံကိုဟောဒီက ခွန်းစေ ဆိုတဲ့ကျွန်တော်ပဲခံယူမယ်!!"
"ခများ! စောက်ရူး!!"
>>>>>>>>
<<<<<<<
"ရောက်ပြီလား ဘော့စ်""ရောက်နေလို့မင်းမြင်နေရတာမလား ခွေးသားရဲ့။"
"ဟဲဟဲ ဘော့စ်ကလည်းလောကွက်ချော်မေးတာကိုစိတ်ချည်းပဲ၊ဒါနဲ့ ဘောစ့်အမျိုးသားနဲ့ချစ်ကြည်နူးတစ်တီတူးနေလို့ဘောစ့်လာတာနောက်ကျတာလားဗျ"
"Fuck ! ချစ်ကြည်နူးဖို့ငါသူ့ကိုယူထားတာမှမဟုတ်တာ။အိမ်ကဘိုးတော်ကြီးအတင်းပေးစားလို့သာငါယူရတာ ဟွန်းး"
"ငါခိုင်းထားတဲ့ကိစ္စရော"
"အဲဒါကလေ ဘောစ့် ဟို...ဟို..."
"ကျစ် ! ကြာတယ်"
........
လှေကားထစ်တွေတစ်ထစ်ပြီးတစ်ထစ်ကျော်ဖြတ်လိုက်တိုင်းညှီစို့စို့ အနံ့ကနှာခေါင်း၀ကိုရိုက်ခတ်လျက်ပင်။
အမှောင်အတိကျနေသော အခန်းတစ်ခန်းတွင်းသို့....."မင်းလားဟမ်! သူများပစ္စည်းကိုလုယူတဲ့သူတောင်းစားဆိုတာ"
"တောင်း...တောင်း..တောင်းပန်ပါတယ် ဇိုင်ရမ် ငါ့ကိုမသတ်ပါနဲ့ ငါသူများခိုင်းလို့လုပ်ရတာပါ ငါတကယ်တောင်းပန်ပါတယ်။"
"ဟက် ! စိတ်၀င်စားစရာပဲ ၊လာခဲ့စမ်း ၀က်အူလှည့်ယူလာခဲ့"
"အားး ဇိုင်ရမ် ! ငါ့ကိုလွှတ်ပေးပါနော်။"
"ခုမှတောင်းပန်ဖို့သိတာလားဟမ်!"
၀က်အူလှည့်နဲ့ပေါင်ရင်းသားတွေထဲထိထိုးသွင်းရင်း သွေးများချင်းချင်းနီစီးကျလာတာကိုထိုင်ကြည့်နေရသည်ကအရသာတစ်မျိုးပင်။
မှတ်ထား! ဇိုင်ရမ် ကိုစိတ်အနှောင့်ယှက်ပေးတဲ့သူမှန်သမျှဇာတ်သိမ်းမလှစေရဘူးမှတ်။ထိုစဉ်...
"ဒုန်းး!!"
"ဇိုင်ရမ် မင်းလုပ်နေတာတွေခုချက်ချင်းရပ်စမ်း!"
"ဟ့ လာပြန်ပြီ ချီးထုပ်ကောင် ခများအိမ်မှာအေးဆေးနေပါလား"
"သူ့ကိုလွှတ်လိုက်တော့ "
"ကျုပ်နှိပ်စက်လို့၀မှလွှတ်ပေးမှာ!"
မျက်ဆံနှစ်ဆံကိုတည့်တည့်ကြီးပြီးအံကိုကြိတ်ကာပြောလာသူ ဇိုင်ရမ် မှာ အရင်ဘ၀ကအတိုင်းပင်။ဘာတစ်ခုမှပြောင်းလဲလာတာမရှိ။"ဇိုင်ရမ် အကုသိုလ်တွေမလုပ်ပါနဲ့တော့ကွာ။"
ထိုအသံမှာ၀မ်းနည်းသံတို့အဖျားစွတ်လျက်။
ခက်တာကဒီက ဇိုင်ရမ် ဆိုတဲ့ကောင်ကလည်း ခွန်းစေ မျက်ရည်ကျတာမြင်မှအိပ်ပျော်စား၀င်တာ။"ဟက် !!"
.........
.....
"အဆင်ပြေရဲ့လားbutterflyတို့ ကိုယ် အခုမှဒီလိုtypeမျိုးစရေးတာဆိုတော့လေ။Updateကနှစ်ပတ်တစ်ခါပေးမယ်နော်။"
💗Jeon💗
15.9.23
10:15pm
![](https://img.wattpad.com/cover/352246967-288-k224974.jpg)
YOU ARE READING
Dark side
Romance""အရှေ့ရပ်မှာရှိသော ဇိုင်ရမ် လေးဘေးကင်းပါစေ။ဇိုင်ရမ် လုပ်သမျှအကုသိုလ်မှန်သမျှကို ခွန်းစေ ဆိုတဲ့ငါပဲခံယူမယ်" "အရှေ့ရပျမှာရှိသော ဇိုငျရမျ လေးဘေးကငျးပါစေ။ဇိုငျရမျ လုပျသမြှအကုသိုလျမှနျသမြှကို ခှနျးစေ ဆိုတဲ့ငါပဲခံယူမယျ"