Part 3(U)

548 18 0
                                    

ဂိုဏ်းတစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်နေသည်မို့ ပို၍စိတ်ပူမိသည်။အထူးသဖြင့် ဇိုင်ရမ် ကို။

သွေးသံတရဲရဲနဲ့လူတစ်ချို့ကမလှုပ်မယှက်လှဲလျောင်းနေ၏။

ထိုလူတွေကိုကျော်ပြီး ခွဲစိတ်ခန်းထဲကိုကြည့်လိုက်လျှင် အသက်လုနေသောသွေးသံရဲရဲ လူတစ်ချို့ကိုထပ်တွေ့ရပြန်၏။

ထိုလူအုပ်စုနှစ်စုလုံးဟာ သေမင်းကိုတော်လှန်နေကြသူချည်းပဲ။

"ဆရာရောက်ပြီလား။"

"အင်း စ ရအောင်"

"ဟုတ်"

ဇိုင်ရမ် တပည့်ဖြစ်သူထွက်သွားတာနဲ့မိမိမှာ ခွဲခန်း၀င်၀တ်စုံကိုလဲပြီး ကိုယ်လက်စသန့်စင်ရတော့သည်။

ဂိုဏ်းကလူတွေကိုကယ်တင်ဖို့အလုပ်က ခွန်းစေ တာ၀န်သာ။

ခွဲခန်းထဲမှာဆိုရင် ခွန်းစေ အပါ၀င် တခြားအကူဆရာ၀န်နှစ်ယောက်နဲ့သူနာပြုနှစ်ယောက်။ဒါပေမဲ့ တခြား‌သူတစ်ယောက်လည်းရှိနေ၏။ထိုသူ့ကိုတော့ ခွန်းစေ တစ်ယောက်ပဲမြင်ရသည်။

စိတ်မရှည်မှုကြောင့် လည်စလုတ်ဟာ အထက်အောက်လှုပ်ရှားသွားပြီးဒေါသကြောင့်မျက်လုံးမှာလည်း မီး၀င်း၀င်းတောက်နေသယောင်။

မျက်ခုံးတန်းတွေဟာလည်းဓားနှစ်လက်ယှက်တင်ထားသလို။

ထိုလူက ခွန်းစေ အနောက်မှာတောင့်တောင့်ကြီးရပ်ကာ ခွန်းစေ ကိုစိုက်ကြည့်နေပုံမှာ ကျောချမ်းချင်စရာ။

"သွေးပေါင်ထိုးကျနေပြီ"

"ဆရာ ဦးခေါင်းသွေးယိုစိတ်မှုကပိုများလာပြီ။"

"Shock ရိုက်တော့
1! 2!"

"တီ...တီ..."

"မရတော့ဘူး။
ကွယ်လွန်ချိန် ညနေ၄နာရီ၂၈မိနစ်"

‌သူနာပြုမလေးရဲ့ စကားသံအဆုံးမှာတော့ မထင်ထားတဲ့အရာကချက်ချင်းဆိုသလိုပင်။

"ကျန်ရစ်သူမိသားစုကိုအသိပေးလိုက်ပါ။"

"ဟုတ်ကဲ့ ဆရာ ခွန်းစေ"

လက်မှာပေနေတဲ့သွေးတွေကို ဘုံဘိုင်ခေါင်းကရေနဲ့ဆေးကြောသန့်စင်နေရင်း နှာခေါင်း၀အတွင်း စိမ်းရွှင်ရွှင်ရနံ့တစ်ခုကတိုး၀င်လို့လာ၏။
ရင်းနှီးဖူးသားအနံ့ပေမဲ့ထိုအနံ့ကိုကြောက်တယ်။

Dark side Where stories live. Discover now