တောရိုင်းလွင်ပြင်မှာ ဖြတ်ကျော်နေထိုင်ခြင်း အခန်း ၁

267 15 1
                                    

အခန်း ၁

ချန်ချီ ရဲ့ဘဝက သူ့အမည် အဓိပ္ပါယ်နဲ့ အတူတူပဲ အနှစ် 30 နီးပါးနေထိုင်ပြီး တစ်နေ့မှာ ဒီလိုအဖြစ်မျိုးကြုံရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး

နှင်းထုကြီး ဖြူဖွေးပိတ်ခဲနေသော ကွင်းပြင်ကျယ်ကြီး မှာ နဝေတိမ်တောင် ဆယ်မိနစ်ကျော် ကြာအောင် မတ်မတ် ရပ်နေမိသော်လည်း သူနားမလည်နိုင်သေးဘူး

သူသည် တစ်နှစ်ပတ်လုံး ဆူညံသံမျိုးစုံရှိသော မြို့တစ်မြို့၌နေပြီး၊ လူဆိတ်ညံတိတ်ဆိတ်သော ဆင်ခြေဖုံးရပ်ကွက်များသို့ ရုတ်တရက်ရောက်လာပြီး သူ၏စိတ်ထဲတွင် မရေမရာသောစိတ်များ ရှိနေပုံရသော်လည်း သတင်းအချက်အလက်များ စူးစမ်းပြီးချိန် အေးခဲ လုနီးပါးဖြစ်နေသော ချန်ချီအတွက် အိပ်မက်တစ်ခုသာ ဖြစ်ပါစေလို့ ဆုတောင်းသော်ငြားလည်း မဖြစ်နိုင်ခဲ့ဘူး

နောက်ဆုံးအခိုက်အတန့်မှာ ခြောက်သွေ့အေးမြသောစက်တင်ဘာလတွင် ရှိနေဆဲပေမယ့် ရုတ်ခြည်းဆိုသလို နောက်အခိုက်အတန့်တွင် ပေအနည်းငယ်ထူသော နှင်းများပေါ်သို့ ရုတ်တရက် ခြေချမိပါသည်။

ချန်ချီ ယခုအခါတွင် သူ၏သူငယ်ချင်းတွေ တိုက်ခဲ့တဲ့ ဝိုင်တစ်ခွက်ကြောင့် အလွန်ကံကောင်းနေပြီဖြစ်သည်။ အနက်ရောင်ကုတ်အင်္ကျီ ပါနေတော့ အနည်းဆုံးတော့ သူ့ကို တိုက်ရိုက်အေးခဲပြီး သေတဲ့အထိ တားဆီးနိုင်မှာပါ

ဒါပေမယ့် အေးခဲပြီး သေဖို့က သိပ် မဝေးတော့ဘူး မဟုတ်လား ချန်ချီ တိတ်တဆိတ်တွေးပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လူတစ်ဝက်လောက်မြင့်တဲ့ အဝါရောင်မြက်ခင်းပြင်ကြီးအပေါ်က ဆီးနှင်းတွေက အုံခဲနေပြီး အဝေးက ကျိုးတိုးကျဲတဲ ထီးထီးချည်း ဖြစ်နေတဲ့ သစ်ပင်အနည်းငယ်ကလွဲရင် မြင်ကွင်းက အဆုံးမရှိတဲ့ အဖြူရောင်ပါပဲ လူသားတွေရဲ့ လှုပ်ရှားမှု ဟုတ်လား နတ္ထိပဲ

ချန်ချီ က သူ့ဂျာကင်အင်္ကျီကိုပိတ်လိုက်ပြီး အပြင်ကနေ အတွင်းကို အေးစိမ့်တဲ့လေက အနည်းငယ် အဟန့်အတားဖြစ်မှာပါ ဒါပေမယ့် သူ့စိတ်ထဲမှာ သတင်းအချက်အလက်တွေ တွေးတောဆင်ခြင်ရတာ မရေမတွက်နိုင်တဲ့ ခြင်တွေ တဝီဝီနဲ့ မရပ်မနား ပျံသန်းနေသလို နားထဲမှာပါ အူတက် ဆူတက်လာတယ်

တောရိုင်းလွင်ပြင်မှာ ဖြတ်ကျော် နေထိုင်ခြင်းWhere stories live. Discover now