အခန်း ၃
ချန်ချီ မမေ့လဲခင်က ခေါင်းထဲက ခြင်အသံနဲ့တူတဲ့ တဝီဝီအသံတွေကြောင့် ခေါင်းတွေ ကိုက်နေတယ် ယခု နိုးလာတော့ ထိုအသံတွေက ဒီဂြိုဟ်နဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်များဖြစ်ကြောင်း သိလိုက်ရသည်။
ဂြိုဟ်၏အမည်ကို အချက်အလက်များတွင် ဖော်ပြခြင်းမရှိသော်လည်း ယခု ချန်ချီ တည်ရှိရာနေရာသည် ကမ္ဘာပေါ်တွင် အကြီးဆုံးလွင်ပြင်ဖြစ်သည့် ဒိုရာလွင်ပြင် ဖြစ်သည်။
ဒိုရာလွင်ပြင် နှင့် ကပ်လျက် လော်ရာတောအုပ် သည် ဤဂြိုဟ်ကြီးကို အချိုးညီညီနီးပါး အပိုင်းနှစ်ပိုင်းခွဲထားသည်။ လော်ရာတောအုပ်က အရမ်းကျယ်တော့ ဘယ်သူမှ မဖြတ်သန်းနိုင်ခဲ့ပါဘူး တောအုပ်သည် ဓားရှည်သဖွယ် အန္တာရယ်မျိုးစုံ ဝန်းရံထားသည်။ တောလမ်းကို ဖြတ်ကျော်ရန် ကြိုးပမ်းသူတိုင်းသည် တောအုပ်မှာ ခိုအောင်းနေတတ်သော ဤဂြိုဟ်အခေါ် နဂါးများကလည်း ၎င်းတို့၏ မာကျောချွန်ထက်သော ဦးချိုများဖြင့် ရန်ပြု ထိုးဖောက်အဆုံးသတ်လေ့ရှိသည်။
ဤနေရာ၌နေထိုင်သောလူသားများကို သားရဲလူသားများ ဟုခေါ်သည်။ သူတို့မှာ အမျိုးသားနဲ့ အမျိုးသမီးကြား ကွာခြားမှုမရှိပါဘူး ၎င်းတို့တွင် တူညီသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများရှိသည်။ ကလေး မွေးမြူနိုင်သူများကို မိန်းမသားဟု ခေါ်သည်။ မမွေးနိုင်သူများကို အထီးဟု ခေါ်သည်။ အထီးတွေက အမျိုးသမီးများထက် အရွယ်အစားသေးငယ်သော်လည်း ရှင်သန်မှုနည်းပြီး ကလေးများကို စုဆောင်းပြုစုပျိုးထောင်ရန် တာဝန်ရှိသည်။
T.N သူတို့လောကက တို့နဲ့ ပြောင်းပြန်နော်😁
ဤကမ္ဘာပေါ်တွင် ရာသီလေးခုမရှိပေ ဆောင်းနှင့် နွေရာသီသာရှိသည်။ နွေရာသီက နေရတာ မဆိုးလှပါဘူး အပူချိန်က ချန်ချီ အရင်နေထိုင်ခဲ့တဲ့ နွေရာသီအပူချိန်နဲ့ ဆင်တူပါတယ် ပူနေပေမယ့် နေလို့ထိုင်လို့နိုင်တယ်ဒါပေမယ့် ဆောင်းက မတူဘူး အအေးဆုံးအချိန်၌ အသက်ရှူတာတောင် လေငွေ့က ရေခဲအမှတ်သို့ ရောက်နိုင်သည်။ အပူအအေး လုံးဝမမျှတသော ဤအရပ်တွင် တိရိစ္ဆာန်အရေခွံများကို အပူအဝတ်အစားအတွက်သာ အသုံးပြုသည်၊ အပြင်းထန်ဆုံးသော သားရဲ များကိုပင် ထိုကဲ့သို့သော ရာသီဥတုတွင် အလိုအလျောက် အပြင်မထွက်နိုင်ပါ
YOU ARE READING
တောရိုင်းလွင်ပြင်မှာ ဖြတ်ကျော် နေထိုင်ခြင်း
Romanceတောရိုင်းလွင်ပြင်ကို ရုတ်တရက် ဖြတ်ကျော်ပြီး ဘဝကို အရှုံးမပေးလိုသော စိတ်နဲ့ ရှင်သန်နေထိုင်တဲ့ Mc ကို သဘောကျလို့