တောရိုင်းလွင်ပြင်မှာ ဖြတ်ကျော်နေထိုင်ခြင်း ၂

144 8 2
                                    

အခန်း ၂

ထိုဆံပင်အဖြူရောင်နဲ့ သားရဲက အာဇယ် လို့ ခေါ်တယ် ဒီနှစ် ပထမဆုံး နှင်းကျအချိန်ကို မလွဲရအောင် သူ ကြိုတင် ထွက်လာပြီး ဒီနေရာမှာ ထိုင်စောင့်နေတာ အကာရှာ အပင်မြင့် အပေါ်မှာလေ နှင်းဝက်ဝံ ထွက်လာကြည့် လုံးဝ သူနဲ့ လွဲမှာ မဟုတ်ဘူး

ရုတ်တရက် အာဇယ်ရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားတယ် အသက်ကိုတောင် ရှူသွင်းဖို့ မေ့နေတယ် တဖန် ကိုယ်ကလည်း အရှေ့ကို အနည်းငယ် ကိုင်းကျသွားသည်။

"ဘုရား ငါ ဘာကို မြင်နေရတာလဲ နှင်းထဲမှာ ထီးထီးချည်း လမ်းလျှောက်နေတာ သားရဲအထီး မဟုတ်လား''

ခန္ဓာကိုယ်သည် စိတ်ထက်မြန်စွာ ရွေ့လျားသွားသည်၊ သွယ်လျသောလက်ချောင်းများက အကိုင်းအခက်များကို ဖမ်းကိုင်ကာ တရစပ် ဆိုသလို အနည်းငယ်ကြာရုံသာ သစ်ပင်ပေါ်မှ ခုန်ဆင်းသွားလိုက်သည်။

ချန်ချီကတော့ အဲချိန်တွင် သတိလစ်လုမတတ် ဖြစ်နေသည်။ ဒီအချိန်မှာ သူ့ရှေ့မှာသာ မှန်တစ်ချပ်ရှိရင် ဖြူဖျော့တဲ့မျက်နှာနဲ့ ခရမ်းရောင်သမ်းနေတဲ့နှုတ်ခမ်းနဲ့ သူ့ကိုယ်သူ သေချာပေါက် မြင်နိုင်မှာပါ အကာရှာပင်မြင့်ဆီ အသက်ရှင်လျက် ရောက်ဖို့ လမ်းကို အားတင်းလျှောက်နေသည်။မြက်တောကနေ ဘာဘာညာညာ အန္တရာယ် ကို သိရှိနိုင်ဖို့ ကိုင်ထားတဲ့ သစ်ကိုင်းလည်း မ မနိုင်တော့ပေမယ့် ရှေ့ကို ဆက်၍သာ လျှောက်လှမ်းနေခဲ့သည်။

အာဇယ် ထိုသားရဲအထီးဆီ အပြေးအလွှားရောက်ရှိရန် သူ၏အမြန်ဆုံးသွားရောက်ကာ သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။

ထိုသားရဲအထီးရဲ့ ခန္ဓာကိုယ်က အလွန်အေးစက်နေပြီး အာဇယ် ကြီးမားသော ပုလင်းတစ်လုံးကို ကိုင်ထားသလို ခံစားရသည်။ ဤအေးခဲနေသော သားရဲအထီးအတွက် ထိုသို့ ဖက်ထားခြင်းအားဖြင့် ခန္ဓာကိုယ် အပူချိန် အနည်းငယ် နွေးထွေးနိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။

ကြီးမားသော အပူရင်းမြစ်တစ်ခုနဲ့ ရုတ်တရက် ပွေ့ဖက်ခံရသော ချန်ချီ အံ့အားသင့်သွားခဲ့သည်။ သူ့ဦးနှောက်က အေးခဲပြီး ရှုပ်ထွေးနေတယ်လို့ ခံစားလိုက်ရပြီး လက်ရှိအခြေအနေနဲ့ လုံးဝ မတုံ့ပြန်နိုင်ခဲ့ပါဘူး

တောရိုင်းလွင်ပြင်မှာ ဖြတ်ကျော် နေထိုင်ခြင်းWhere stories live. Discover now