~ ၁၇ ~

82 6 2
                                    

[ Unicode ]
-----------------

" ညာဘက်ခြမ်းကိုအရင်စကြည့်ချင်တယ်ဆိုရင်လမ်းတော်တော်လျှောက်ရမှာ ... အပင်တွေပိုများပြီး မြေနေရာကျယ်ကျယ်ချဲ့ထားလို့ကားနဲ့သွားရင်တောင်ရတယ် ... ဒါပေမဲ့အဲ့ဘက်ကမြေညီမှာစိုက်ထားတဲ့လိမ္မော်ပင်တွေဆိုတော့ အထူးတလည်လှနေတာမျိုးမရှိဘူးပေါ့ ... ဓာတ်ပုံရိုက်ဖို့ဆိုရင် ပါးစိုက်ပျိုးထားခဲ့တဲ့ဒီဘက်ခြမ်းဖက်ကိုသွားတာပိုကောင်းမယ် ... အပင်တန်းတွေကတစ်တန်းနဲ့တစ်တန်းကျဉ်းပြီးတော့အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ နေလည်းရိပ်တယ် ... ခင်ဗျားဘယ်ကိုအရင်သွား "

သူ့စကားဆုံးအောင်တောင်မစောင့်ပဲ ေ့ရှကနေမြန်မြန်ဆန်ဆန်ထွက်သွားသောလူရိပ်ကြောင့် တံခွန်ပင်အနည်းငယ်ကြောင်စီစီဖြစ်သွားသည် ။ နူတ်ခမ်းတွေတင်းတင်းစေ့ပိတ်ထားသောအပြုံးအရယ်မရှိတဲ့မျက်နှာတစ်ခြမ်းကိုလှမ်းမြင်လိုက်ရ၍ စောနကကိစ္စနဲ့ပတ်သတ်ပြီးသူ့အပေါ်စိတ်ခုနေမှန်းသဘောပေါက်တော့ အသံထွက်ရယ်လိုက်မိတာဟက်ခနဲ ။ မင်းဘာပြောပြောငါဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ဆက်ဆံတော့မယ်မှန်း အခြေနေကိုအလိုလိုရိပ်မိပါ၏ ။

အင်းလေ သူကလည်းသူပဲ ... အဲ့လောက်အယုံလွယ်လိမ့်မယ်လို့မှမထင်ထားတာ ... စချင်စိတ်ပေါ်လာလို့စဖြစ်သွားတာတော့ သူ့ကိုယ်သူလည်းနားမလည်ခဲ့ ။

လက်ထဲကလေးသေးသေးလေးတစ်ယောက်ချီထားရတာတောင်အခက်တွေ့နေတဲ့သူကိုကြည့်ပြီး မီးငယ်လေးနဲ့အဲ့လူဘယ်လိုနှပါးသွားမလဲသိချင်မိတာတော့အမှန်ပဲ ။ ဒါကြောင့် တမင်ချောက်တွန်းခဲ့တယ်ဆိုတာထက် အတူခေါ်သွားလည်းနေပူကြီးထဲလူပင်ပန်းရုံအပိုသက်သက်မို့ အဘအိမ်မှာထားခဲ့တာ ။ အပင်ပိုးကျတာလိုက်စစ်ဆေးရင်း အကြောင်းပြချက်မဲ့စွာနောက်ဆံတတင်းတင်းဖြစ်နေမှန်းထိုအဖြေကိုသူကိုယ်တိုင်တောင်လက်မခံချင်ဘူး ။ အဲ့နောက် ကလေးအော်သံကြားလိုက်ချင်း ဖိုးထူးထက်အရင်သုတ်သီးသုတ်ပြားပြေးလာမိတာကတော့သူ့ကိုယ်သူပင်သတိမထားမိလိုက်တဲ့အမှန်တရားတစ်ခုသာ ။

သူ့ကိုပျားလို့သမုတ်ရမလားဆိုပြီးမခံချင်ဖြစ်သွားသော်လည်း အကြီးပီပီဒေါသကိုပြန်မျိုသိပ်လိုက်ပေမဲ့ ဖြူဥဥမျက်နှာလေးကစိတ်တိုနေတာကိုတော့ဖုံးဖိမရချေ ။ ပါးရဲ့ကိစ္စကြောင့်တံခွန့်အိမ်မှာလာနေနေခဲ့တဲ့ရက်တွေမှာ အလိုမကျတိုင်းမျက်ခုံးတွေတွန့်ချိုးသွားသောထိုရှူ့တည်တည်မျက်နှာဘေးကို အခေါက်ပေါင်းများစွာမြင်တွေ့ဖူးပြီးနေပြီပဲ ။ စိတ်ဆိုးနေလား ဒေါသဖြစ်နေလားဆိုတာသိပ်ခွဲခြားတတ်တာပေါ့ ။ ကြည့်ရတာ သူတို့ကြားမှာငြိမ်းချမ်းရေးဆိုတဲ့အလံဖြူငယ်ကိုဘယ်သူ့ဘက်ကမှအရင်စပြလိမ့်မယ်မထင်ဘူး ။ ဟိုဘက်ကကြည့်ရင်လက်ဖဝါး သူ့ဘက်ကကြည့်ရင်လက်ဖမိုးဆိုသောအကြောင်းပြချက်ကြောင့်ဖြစ်တည်လာတဲ့ကိစ္စတွေမို့ ဒီချိန်ထိသူလည်းမလျှော့ ကိုယ်လည်းမလျှော့ဖြစ်နေဆဲ ။ အခုပဲကြည့် ... ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now