Part - 1

674 28 0
                                    

Unicode

"Kim Taehyung Kim Taehyung ရေ၊နင်မထသေးဘူးလား၊ဘယ်အချိန်ရှိနေပြီလဲ နင်ဈေးမှာပန်းသွားပို့ရမယ် မဟုတ်ဘူးလား"

အခန်းရှေ့ကနေ Kim Mina‌တစ်ယောက်အာပေါက်အောင်အော်နေပေမဲ့Kim Taehyungကတော့ အိပ်မက်ကမ္ဘာထဲက လက်ပစ်ကူးနေလေးရဲ့။

"အွန်း....ဒီထမင်းလိပ်လေးကအရသာရှိလိုက်တာ၊ကိတ်မုန့်လေးတွေကလဲချိုမွှေးနေရောပဲ၊ဝါး....စတော်ဘယ်ရီသီးတွေ ငါအကြိုက်ဆုံးစတော်ဘယ်ရီလေး မင်းကိုအားရပါးရစားပစ်မယ်"

Taehyungသူအကြိုက်ဆုံး စတော်ဘယ်ရီသီးလေးကိုကိုက်မလို့ရှိသေး သူ့ရဲ့နားတစ်ဖက်မှ နာကျင်မှုကိုခံစားလိုက်ရပါသည်။

"အား.....အမေ့နာတယ် နာတယ် သားနာနေပြီဗျ"

"နာအောင်ဆွဲတာလေ ငါဒီလောက်အသက်ထွက်မတတ်အော်နေတာကို နင်ကနိုးလို့လား"

"နာနေပြီ အမေရဲ့ လွှတ်ပါဦး"

"အခုချက်ချင်း ထတော့ ဈေးမှာပန်းတွေပို့ရဦးမယ်၊မြန်မြန်ထ ငါဈေးသွားနှင့်မယ်"

"ဟုတ်....."

Taehyungသူ့အမေထွက်သွားတော့မှ အမကြီးကင်မ်တို့များနော် သူများအိပ်မက်ကိုဖျက်လိုဖျက်စီးတအားလုပ်တာပဲ၊အပြင်မှာလဲစတော်ဘယ်ရီမစားရသလို အိပ်မက်ထဲမှာတောင်စားခွင့်မပေးဘူး။ အူး...ဝါး...ငါ့ရဲ့စတော်ဘယ်ရီလေး။

"Kim Taehyung နင်အခုချက်ချင်းထလိုက်တော့နော် မဟုတ်ရင်နင့်တင်ပါးပေါ် ငါ့ဝါးခြမ်းပြားရောက်လာတော့မယ်"

"ဟင် အမေကခုထိမသွားသေးဘူးဟ"

Taehyungလဲသူ့အိပ်ယာတွေကိုအမြန်သိမ်းပြီး ရေချိုးဖို့ အိမ်အနောက်ဘက်ကိုသာ သွားလိုက်တော့သည်။ရေမြန်မြန်ချိုးပြီး အခန်းထဲရောက်တော့ မှန်ရှေ့မာသူ့ကိုယ်သူပြန်ကြည့်ပြီးသက်ပြင်းသာချမိသည်။

၁၆နှစ်ပြည့်ပြီးပြီဖြစ်တဲ့သူဟာရွယ်တူသူငယ်ချင်းတွေလို သိပ်ပြီးထွားမလာပါ။ပိန်ပိန်သေးသေးလေးဖြစ်နေပါသည်။အမကြီးကင်မ်ငါ့ကိုငယ်ငယ်ကနို့ရောဝအောင်တိုက်ရဲ့လားမသိဘူး။နေ့တိုင်းဈေးထဲမှာပန်းတွေကို ခြေလျင်လိုက်ပို့ရတာမို့ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ သူ့ဗိုက်လေးကချပ်ကပ်နေပါသည်။အသားရေကဖြူတဲ့ဘက်မသွားပဲ နို့နှစ်ရောင်လေးဖြစ်သည်။အမကြီးကင်မ်ပေးထားတဲ့အမွေတွေထဲဒီအသားရောင်လေးကိုသူအကြိုက်ဆုံးပဲ။

Mon amour est toiWhere stories live. Discover now