Part - 3

270 15 0
                                    

Unicode

Parkအိမ်တော်,

အဝါရောင်လေးဝတ်ရမလား၊ အပြာလေးရော၊ အဖြူရောင်လေးဆိုရင်လဲ ငါနဲ့လိုက်တာပဲ၊အား........တကယ်ဘာဝတ်ရမှန်းမသိတော့ဘူး။Jimin ဒီနေ့ Yoongi Hyungနဲ့ Jungkookတို့ အိမ်ကိုလာလည်မှာမို့ သူအဝတ်စားရွေးနေတာဖြစ်သည်။ခါတိုင်းလဲ သူဘာဝတ်ဝတ် ကြည့်ကောင်းတယ်ဆိုပေမဲ့ Yoongi Hyung ရှေ့မှာ သူပိုပြီး‌ကြည့်ကောင်းနေချင်ပါသည်။ဘာဝတ်ရမလဲ တကယ်မသိတော့ဘူး။

' ဒေါက် ဒေါက် ဒေါက် ဒေါက် '

'ဘယ်သူလဲ'

'Hyungပါ Jiminieရဲ့'

'lockချမထားဘူး၊ဝင်ခဲ့လေ Hyung'

Bogumအခန်းထဲဝင်လာလိုက်တော့ ကုတင်ပေါ်မှာ အဝတ်အစားတွေကရှုပ်ပွနေပြီး မှန်ရှေ့မှာ ရပ်နေတဲ့သူ့ညီကို တွေ့လိုက်ရသည်။ကြည့်ရတာ ဘာဝတ်ရမလဲ စဉ်းစားမရဖြစ်နေပြန်ပြီထင်တယ်။ဒါကအထူးအဆန်းတော့ မဟုတ်။Jungkookတို့ညီအကို အိမ်လာလည်မယ်ဆိုတိုင်း သူ့ညီရဲ့ဖြစ်နေကျပြဿာနာဖြစ်သည်။ဘာဝတ်ဝတ်ကြည့်ကောင်းပါတယ်ဆိုလဲမရ။သူကJungkookထက် ပိုပြီးကြည့်ကောင်းချင်တယ်ဆိုပြီး သူ့ကို နှပ်ချတတ်ပါသေးသည်။

အမှန်ကJungkookထက်ကြည့်ကောင်းချင်တာမဟုတ်ဘဲ ကိုယ့်သူငယ်ချင်း Yoongiရဲ့မျက်လုံးထဲ ကြည့်ကောင်းနေချင်တာဖြစ်သည်။ကိုယ့်ညီအကြောင်းကိုယ်သာသိသည်။ငယ်ငယ်ထဲက ကိုယ်ပဲထိန်းကျောင်းလာခဲ့ရတာမလား။ဘာမှမသိတာက ကိုယ့်သူငယ်ချင်း ရေခဲတုန်းသာဖြစ်သည်။

'ဟီး..... Hyung ကျွန်တော့်ကို အဝတ်စားကူရွေးပေးပါဦး'

'Hyungရဲ့ညီလေးက Jungkookထက်ကြည့်ကောင်းချင်ပြန်ပြီလား'

'Hyungကလဲ......'

'Yoongiကအဖြူရောင် ကြိုက်တယ်ဆိုတော့ အဖြူလေးပဲဝတ်လေ Jiminieရဲ့'

'Hyungနော် ကျွန်တော်ကဘာလို့ Yoongi Hyungကြိုက်တာဝတ်ရမှာလဲ၊Jungkookထက်ကြည့်ကောင်းချင်တာပါဆို'

'အဲ့တာဆို အဖြူရောင်မဝတ်တော့ဘူးပေါ့'

'အဖြူပဲဝတ်မှာ'

Bogum Jiminကိုမျက်ခုံးလေးပင့်ပြီးကြည့်ပေးလိုက်တော့

'အဲ့ ...အဲ့တာက ကျွန်တော်ကအဖြူကြိုက်တယ်လေ၊အဖြူဝတ်လိုက်ရင် ကျွန်တော်က အချောဆုံနဲ့ အခန့်ညားဆုံးပဲ၊Jungkookတောင် ကျွန်တော့်ကိုမယှဉ်နိုင်ဘူး'

Mon amour est toiWhere stories live. Discover now