Unicode
Jungkookအိမ်ထဲကိုဝင်လာလိုက်တော့ Jiminတို့က ဧည့်ခန်းမှာထိုင်ပြီးမုန့်တွေစားနေကြတာဖြစ်သည်။Park Jiminကတော့ စောစောကအဆူခံထားရတဲ့မျက်နှာနဲ့ ခြားနားစွာ Yoongi Hyungဘေးမှာ ပြုံးလို့ရွှင်လို့။
"သားJungkook ရောက်နေတာလား"
Jungkookလှည့်ကြည့်လိုက်တော့ လှေကားကနေဆင်းလာသော Jiminအဖေ ဦးလေး Park Hyun Taeကိုတွေ့လိုက်ရသည်။
"ဟုတ်ကဲ့ ဦးလေး၊ ဦးလေး နေကောင်းတယ်မလား"
"ကောင်းပါ့ကွာ၊ဒါနဲ့ မင်းအဖေရော လုပ်ငန်းတွေအဆင်ပြေလား"
"အဆင်ပြေပါတယ် ဦးလေး၊ အခုတောင် ဖေဖေက စတော်ဘယ်ရီစိုက်ခင်းတွေထပ်ဝယ်ထားသေးတယ်"
"မင်းအဖေကတော့ တယ်လဲ စီးပွားရေး သောင်းကျန်းကွာ၊မင်းလဲအလုပ်တွေဝင်ကူနေပြီဆို"
"ဟုတ်ကဲ့၊ဖေဖေက စက်ရုံဘက်မှာအလုပ်ရှုပ်နေတော့ ခြံအလုပ်တွေကို ခနဝင်ကူဖြစ်တာပါ"
"ကောင်းတယ်ကွာ၊ဂျောင်မင်ကသားလိမ္မာလေးရထားတာပဲကွ"
ဂျောင်ကုနဲ့အပေးယူတည့်ကာ စကားပြောနေတဲ့ ဖေဖေ့ကို ဂျီမင်လုံးဝကြည့်မရပါ။ဂျောင်ကုနဲ့ ယွန်းဂီဟျောင်းနှစ်ယောက်အတူလာတာကိုသိရဲ့နဲ့ ဂျောင်ကုကိုပဲနှုတ်ဆက်ကာ စကားတွေပြောနေပေမဲ့ ယွန်းဂီဟျောင်းကိုတော့ရှိတယ်လို့ကိုမထင်တာပါ။ဖေဖေကအမြဲ ယွန်းဂီဟျောင်းကို မကြည်ဖြစ်နေတတ်ပြီး ဂျီမင့်နဲ့ ဘိုဂမ်ဟျောင်းကိုလဲ ဟျောင်းနဲ့အပေါင်းအသင်းမလုပ်ဖို့ ပြောတတ်သည်။
ယွန်းဂီဟျောင်းကို ဖေဖေကဘာလို့အမြင်မကြည်ဖြစ်နေတာလဲဆိုတာကိုတော့ ဂျီမင်အတိအကျမသိပါ။ဂျီမင်သိတာက ယွန်းဂီဟျောင်းမိဘတွေနဲ့ ဂျီမင့်မိဘတွေက အစထဲကအဆင်မပြေတာလို့တော့ ဟျောင်းကပြောပြဖူးသည်။
"ထယ်ယောင်း နင်ဒီနေ့ ဂျောင်အိမ်တော်ကိုသွားရမယ်မလား"
ထယ်ယောင်းအမေ့နဲ့အတူ ဆိုင်စောင့်နေရင်းမှ
"အာ ဟုတ်သားပဲ ဒီနေ့သခင်လေးဂျောင်ဟိုဆော့ပြန်လာမှာပဲ"
"အဲ့တာနင်သွားကြိုရမှာမလား၊အဲ့တာကိုအခုထိမသွားသေးဘူးလား"
YOU ARE READING
Mon amour est toi
RomanceZawgyi Jeon JUNGKOOK - Kim Taehyung က အရမ်းအမြင်ကပ်ဖို့ကောင်းတယ်။ မဟုတ်ဘူး။ အရမ်းချစ်ဖို့ကောင်းတယ် ငါ့အပိုင်လေး Kim Taehyung - ဘယ်သူကမင်းအပိုင်လဲ ငါ့ကိုယ်ငါပဲပိုင်တယ်။ဟူး....ထားပါတော့ TaeကJeonအပိုင်လေးနော် Unicode Jeon JUNGKOOK - Kim Taehyung ကအရမ်...