5.'V'

541 79 15
                                    

အိမ်ရှေ့စံ၏ မွေးနေ့အခါကိုသုံးရက်တာမျှ စည်ကားစွာ ကျင်းပပြီးနောက် စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။

အိမ်ရှေ့စံ၏ အဆောင်ခန်းမတော်ဝယ်...

ဘေးနှစ်ဖက်သို့ ဆန့်တန်းထားသော လက်နှစ်ဖက်၏အစွန်း၌ နန်းတွင်းအမှုလုပ် မိန်းမပျိုလေးနှစ်ဉီးက အပေါ်ရုံကို ထပ်ဝတ်ပေးရန်ပြင်ဆင်နေသည်။ တောင့်တင်းပြေပြစ်တဲ့ အိမ်ရှေ့စံ၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် တည်ကြည်ခန့်ညားသည့် ရုပ်ရည်ရူပကာအရှိန်အဝါကြောင့် သူ(မ)လေးတို့မှာ မသိစိတ်ကပင် ရှက်ကြောက်ရင်ဖိုရသည်။

အပြင်ပန်းတွင်တော့ ကမောက်ကမ,ဖြစ်စေမည့် တစ်စုံတစ်ခုသော အမှားမျိုးကို မလုပ်မိစေရန် သတိကြီးစွာဂရုစိုက်မြဲ..

"မင်းသားဂျွန်းရောက်ရှိလာပါသည် အိမ်ရှေ့စံဘုရား.."

အထိန်းတော်ကြီး၏ လက်အုပ်ပင့်ချီ လျှောက်တင်မှုကြောင့် ခွင့်ပြုသည့်သဘော ခေါင်းငြိမ့်ပြလိုက်သည်။

ခွင့်ပြုချက်ရသည်နှင့် တံခါးရွက်တို့ ပွင့်သွားပြီးနောက် အပြင်ဘက်မှ အပျိုတော်များမှာ ခါးကို ကွေးနေအောင်ညွှတ်ကာ ခေါင်းကို ငုံ့ထားကြသည်။ အိမ်ရှေ့စံ၏ ကိုယ်ဝတ်တော်ဆင်မြန်းသည့်ကဏ္ဍ မပြီးသေးသောကြောင့်ဖြစ်သည်။

"နောင်တော် ထိုင်ပါ.."

သင့်တော်ရာနေရာတစ်ခုတွင် နောင်တော့်ကို ထိုင်စေပြီးနောက် ကိုယ်ကိုပြန်မတ်ရင်း ကိုယ်ဝတ်တော် ဆင်မြန်းခြင်းကို ဆက်လက်ဆောင်ရွက်စေသည်။

ခါးပတ်တော်ကို ဆင်ယင်ပြီးနောက်မှာတော့ အိမ်ရှေ့စံ၏ ကိုယ်ဝတ်တော်ဆင်မြန်းခြင်း ပြီးဆုံးလေသည်။

အလျှိုလျှို ထွက်သွားကြသည့် နန်းတွင်းသူများအားမျက်ကွယ်ပြုရင်း နောင်တော်ဂျွန်းရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။

ထို့နောက် နောင်တော်ရှေ့က မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်၍ နောင်တော်ငှဲ့ပေးထားသည့် လက်ဖက်ရည်ခွက်ကို အနည်းငယ်မော့သောက်လိုက်သည်။

"ညီတော်ခေါ်တာ ဘာကိစ္စ.."

မင်းသားဂျွန်း၏ အမေးကြောင့် တထောင်းထောင်းထနေသော လက်ဖက်ရည်ငွေ့များကို ကျော်ကာ အိမ်ရှေ့စံက မော်ကြည့်လာသည်။

Witness Thorn (Completed) Where stories live. Discover now