သူကလေးဟာသိပ်လှသတဲ့..
တော်ဝင်နန်းအကကို ကနေတဲ့အချိန်ဆို ပွဲလာကြည့်ကြသည့် ပုရိသတို့အဖို့ ရင်ဘက်ထဲ လိပ်ပြာတောင်ပံတွေ တဖျက်ဖျက်ခတ်သွားသလို ရင်ဖိုလှိုက်မောရသတဲ့..
ကြွကြွရွရွအပြုံးလေးနဲ့ မျက်လုံးလေးဝင့်ပြီး ကြာပစ်လိုက်ရင် သူကလေးဟန်ပန်အောက် နစ်မွန်းရသူတွေက မရေမတွက်နိုင်..
လေယူရာယိမ်းသည့်နှယ် သွယ်နှောင်းနှောင်းကိုယ်ဟန်လေးနှင့် လွမ်းချင်းလေးများညည်းလိုက်လျှင် ပြေးယူထွေးပွေ့ချင်လောက်အောင် မေတ္တာတွေပြိုဆင်းရသည်မှာ အတုံးအရုန်း..
လူပျိုလူအို ယောက်ျားတကာရဲ့ အသည်းနှလုံးကိုမရည်ရွယ်ပါဘဲ အပိုင်စားရနေသူကလေးက ဂိုရ်ဆောင်းနန်းမြို့ရဲ့ပြယုဂ်ဖြစ်တဲ့ အထင်ရှားဆုံး ဟွာရီလ်ပြဇာတ်အဖွဲ့က ခေါင်းဆောင်မင်းသမီးလေး ဆော..
အမျိုးသားအများစုကတော့ သူ(မ)ကိုခေါ်ကြတယ်..
'ထိပ်ထားလေး'တဲ့..
ဟုတ်မှာပေါ့..ထိုသူတို့ရဲ့ စိတ်သန္ဒာန်မှာတော့ သူ(မ) လေးဟာ နှလုံးသားရင်းမြစ်က ဧကရီလေးပေါ့..
တစ်ချို့မှာတော့ မနာလိုစွာပြောကြတယ်..
'မြူစွယ်ကောင်းတဲ့ ဇာတ်သမ'တဲ့..
အမျိုးကောင်းသားတို့ရဲ့ပိုင်ရှင် အမျိုးသမီးတွေကတော့ သူ(မ)လေးနာမည်ကြားရုံနဲ့ မလှတဲ့မျက်နှာကို မဲ့ကာရွဲ့ကာ အော့အန်ပြကြသတဲ့..
အော်..မနာလိုစိတ်က အကျည်းတန်စွာအော့အန်ခြင်းဆိုတဲ့ ရောဂါပါလား..
~~~~~~
မနေ့ညက ပြဇာတ်ကြည့်လာတဲ့ တပ်သားလေးတွေက စစ်ရေးလေ့ကျင့်ပြီး ခဏတစ်ဖြုတ်ထိုင်နားကြတော့ ညကမိုးလင်းပေါက်ကြည့်ခဲ့ရတဲ့ ပြဇာတ်ပွဲဆီ စကားရောက်သွားကြတယ်..
အားနဲ့မာန်နဲ့ပြောနေကြသည်မှာ သူတို့ညက မမောနိုင်မပန်းနိုင် ရှုစားခဲ့ရတဲ့ ထိပ်ထားလေးရဲ့ အကအလှ အနုပညာရဲ့ အတိမ်အနက်တွေအကြောင်း..
"ညကကြည့်ခဲ့ရတဲ့ ပြဇာတ်ကတော့ ဒီတသက်မေ့နိုင်မှာတောင်မဟုတ်ဘူး..ထိပ်ထားလေးဟာလေ သိပ်ကို ကနုကလျဆန်တာပဲ..ငါ့နှယ် ငါ့ချစ်သူလေးသာဖြစ်ရင် ဒီလိုလူကြားထဲ မဖျော်ဖြေခိုင်းတော့ဘူး..ငါ့အိမ်ထဲသော့ခတ်ပြီး သိမ်းထားလိုက်တော့မယ်.. တသက်လုံးငါပဲ ရှာကျွေးတော့မယ်.."
YOU ARE READING
Witness Thorn (Completed)
Fanfictionချစ်သောစိတ်သည် ဘယ်ခါမပျက်သုန်း.. ချစ်သောစိတ်သည် ဘယ်ခါမပျက်သုန်း.. Story cover crd: Winter Begonia Fanart