7.'VII'

506 79 17
                                    

အိမ်ရှေ့စံမွေးနေ့ ဆဋ္ဌမမြောက်နေ့...

စစ်ရေးဆွေးနွေးရာ ကျောက်သလင်းထက် ရွံ့စေးလိုဏ်ဂူငယ်များ၊ မြေအောက် ပတ်လမ်းကြောင်းများ၊ တောင်များကို ပတ်ဖောက်ထားသည့် ကြည်းတပ်စခန်းများနှင့်...တကယ့်စစ်တလင်းကဲ့သို့ ပုံပေါ်နေသည်။

တစ်ဖက်အခြမ်းက စားပွဲရှည်ကြီးပေါ်တွင် နယ်နိမိတ်မြေပုံတစ်ခုကိုဖြန့်ကာ စစ်သူကြီးတစ်ဖြစ်လဲ အိမ်ရှေ့စံဂျွန်က ရှင်းလင်းပြနေသည်။

မကြာမီရောက်လာတော့မည့် စစ်ပွဲအတွက် အသင့်ပြင်နေကြခြင်းဖြစ်သည်။

သက်ဆိုင်ရာတပ်မများ၏ တပ်ဖြန့်ခြင်း၊ သေနင်္ဂအစီအရင်များ၊ တိုက်ပွဲလမ်းကြောင်းများကို ရှင်းလင်းပြောဆိုပြီးနောက် လေ့ကျင့်ရေးနေရာများသို့ သွားရောက်စစ်ဆေးသည်။

တိုက်ရည်ခိုက်ရည်ပြည့်ဝသော စစ်သည်များ၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းကင်းသည်။ ရွံ့ရွံ့ချွံချွံတွန်းလှန်လိုစိတ် အပြည့်ရှိသူများဖြစ်ကြသည်။

နေ့လည်ခင်းတွင်တော့ နောက်လိုက်ဗိုလ်မှုးများနှင့်အတူ နန်းတော်ဘက်သို့ ပြန်လာခဲ့သည်။

စံမြန်းရာနန်းဆောင်ကိုရောက်တော့ စစ်ဝတ်အင်္ကျီကိုလဲကာ အိမ်ရှေ့စံဝတ်ရုံကို ဆင်မြန်းလိုက်သည်။

ပြီးနောက်နန်းဆောင်မှ တဖန်ပြန်ထွက်လာရင်း... ဉီးတည်ရာက..
.
.
.
.

"ဘာ!!!!!"

ရာဇမာန်ပါသည့် အော်သံနက်နက်ကြောင့် ရှေ့က တံခါးစောင့်တပ်သားနှစ်ဉီးက ချက်ချင်းပင်ဒူးထောက်အရိုအသေပေးသည်။ ခေါင်းကိုလည်း မြေကြီးပေါ်ပြားပြားဝပ်ရင်း..

"အရှင်မင်းကြီး အမိန့်တော်မို့ မလွန်ဆန်ဝံ့ပါဘူး အိမ်ရှေ့စံ... အိမ်ရှေ့စံကို အကျဉ်းထောင်ထဲ လုံးဝဝင်ခွင့်မပေးဖို့ အမိန့်တော်ချမှတ်ထားပါတယ်.."

ဒူးထောက်ထားတဲ့ တပ်သားနှစ်ယောက်ကို ကြည့်ရင်း အိမ်ရှေ့စံဂျွန် ခမည်းတော်ကို နားမလည်နိုင်တော့ပေ။

ခမည်းတော်ဆီက တိကျတဲ့ အဖြေတစ်ခုကို သိရဖို့လိုပြီ..

အကျဉ်းထောင်ဘက်က ပြန်လာတော့ တစ်ချိန်လုံးစဉ်းစားမိသည်က ကင်မ်ဆော..

Witness Thorn (Completed) Where stories live. Discover now