Part 1

438 13 0
                                    

တီ.တီ.တီ.
အသိပေးစကားသံနဲ့အတူ US ကိုသွားမည့်လေယာဥ်ဆီမှ သတိပေးချက်ထွက်ပေါ်လာခဲ့သည်
မွန်းနွေတစ်ယောက်မျက်နှာလေးငယ်လျက်မိဘများမှစကားတတွတ်တွတ်မှာနေသည်ကိုနားထောင်ရင်း နှုတ်ဆက်စကားဆိုလေသည်

''A Wa(အဝ)ကျန်းမာရေးဂရုစိုက်နော် A Nu(အနု)လဲနေကောင်းအောင်နေ''

''Naw Naw(နော်နော်)လေး A Nu(အနု)တို့ကိုနေ့တိုင်းဖုန်းခေါ်နော် ကျန်းမာရေးလဲဂရုစိုက်စာတေရီးပဲဖိလုပ်မနေနဲ့ နေလဲသိပ်ကောင်းသေးတာမဟုတ်ဘူး ဟိုရောက်ရင်လဲဆေးသောက်အုံး A Nu(အနု)ရဲ့ Naw Naw(နော်နော်)လေး အဆင်မပြေရင်ပြန်လာခဲ့ ကြားလား''

သားဖြစ်သူအား ဝဲတဲတဲအသံလေးနှင့် တတွတ်တွတ်မှာကြားနေသည့် ဒေါ်နွေဆာယာကိုကြည့်ပီး ဦးဖွန်ရာဂျိမ်းနော် ပြုံးမိကာ ခေါင်းအသာရမ်းလိုက်သည်
ပြီးမှ

''ဝေ့ တော်ပါတော့ နွေ ရယ်Naw Naw(နော်နော်)ကပညာတော်သင်သွားတာပါ တစ်သက်လုံးမဟုတ်ဘူး အဲ့လောက်ကြီးမှာ​ေနစရာမလိုပါဘူး အဆင်မပြေရင်ပြန်လာရအောင်လဲ ခလေးကစားနေတာမဟုတ်ဘူး တစ်နှစ်ခွဲ နှစ်နှစ်ဆိုတဲ့ အချိန်ကခနလေးရယ် .လေယာဥ်လဲထွက်တော့မယ် Naw Naw(နော်နော်) သွားတော့ A Wa(အဝ)တို့လဲပြန်တော့မယ် ကျန်းမာရေးဂရုစိုက် ''

''ဟုတ်ကဲ့ A Wa(အဝ)''

မွန်းနွေတစ်ယောက်မိဘများအားနှုတ်ဆက်ပီး လေယာဥ်ပေါ်တက်ခဲ့သည်

သားဖြစ်သူလေယာဥ်ပေါ်တက်သွားတာကိုကြည့်ပီး ဒေါ်နွေဆာယာ မျက်ရည်လည်လာသည် လေယာဥ်သတိပေးချက်ကထွက်နေပီဖြစ်တဲ့အတွက် စကားဝင်ဖြတ်လိုက်ရတဲ့ ဦးဖွန်ရာလဲ ဇနီးဖြစ်သူကိုကြည့်ပီး စိတ်မကောင်းချင် အိမ်ရောက်ရင်ရိုးရာမပြတ်ပွမ်လေအုံးမည်ကိုလဲ စဥ်းစားမိသေးသည် ငယ်စဥ်ကတည်းက ရင်အုပ်မကွာနေလာသော ကလေးငယ်က ရေခြားမြေခြားသွားတော့ မိခင်တစ်ယောက်အနေနဲ့ဒီလောက်တော့ရှိမာပဲဟုတွေးမိသည်
ဦးဖွန်ရာ သူ၏ဇနီးကိုခေါ်ကာ airport lobby ထဲမှထွက်ခဲ့သည်

...........

scholarship နဲ့ US မှာရှိတဲ့ နာမည်ကြီးအဆင့်မြင့် university တစ်ခုတွင် ပညာသင်ရန်သွားနေခြင်းဖြစ်သည်

Tie the knot ☕🌿 (On going)Where stories live. Discover now