ဒရာမှာမာန့်အကြောင်းဆိုသောအသံကိုကြားလိုက်၍သွားသင့်မသွားသင့်တွေဝေသွားမိသည်။ပုံမှန်ဆိုသူ့စိတ်အရတန်းလှည့်ပြန်လာ မည်ဖြစ်သော်လည်း...ခုတော့...
ဒရာလည်း ရှေ့မှဦးဆောင်ကာခေါ်သွားသောသူနောက်သို့လိုက်ကာ lift ထဲဝင်လိုက်တော့သည်။
"ဒေါက်..ဒေါက်..''
ထိုလူမှာအခန်းတံခါးအားခေါက်တော့ တံခါးမှာပွင့်လာသည်။
အထဲဝင်လိုက်သည်နှင့် မြင်ရသောမြင်ကွင်းကြောင့်အနည်းငယ်ကြောင်သွားမိသည်။
အခန်းထဲတွင်မိန်းကလေးလေးယောက်ရှိပီး ယောက်ျားလေး သုံးယောက်ရှိနေသည်ကိုတွေ့ရသည်။
ထိုသူတို့မှာ sofa ပေါ်တွင်ထိုင်ကာ ရီရီမောမောစကားပြောနေကြသည်။ဒရာဝင်လာသည်နှင့် စကားသံတို့မှာတိတ်ဆိတ်သွားသည်။ ထိုသူများထဲတွင် ကော်ဖီခွက်ကိုင်ကာ ပြုံး၍ ကြည့်နေသော ဗေဇလီဟန်လည်းပါသည်။"အော်....ဒရာမွန်းနွေ နင်က ကိုကိုမာန်ဆိုတဲ့အသံကြားတာနဲ့ တန်းနေအောင်လာတော့တာဘဲနော်...''
ဗေဇလီဟန်မှာ အသံခပ်နွဲ့နွဲ့နှင့်ပြောတော့ ဘေးမှ အခြားသူများမှာ ဒရာ့အားမသတီသလိုအကြည့်များဖြင့်လှောင်ပြုံးပြုံးကာ ကြည့်လာကြသည်။
"မင်း... မင်းဘာပြောစရာရှိလို့လဲ...''
''အို...အရမ်းမလောပါနဲ့ ပြောမှာပေါ့...ဟဟ''
''ဒီကောင်က gay ပေါ့...ဒီရုပ်နဲ့gay ရင် ဘယ်ကောင်မှစားမယ်မထင်ဘူး အဟက်...''
တစ်ဖက်sofa မှာထိုင်နေသော ကောင်လေးသုံးယောက်ထဲမှ အက်ျီ အနီနဲ့တစ်ယောက်ကပြောတော့
''အေးလေကွာ အကယ်၍ ငါဆေးမိလို့ သူကိုမှ မxိုး ရင် ငါသေမယ်ဆိုရင် ငါသေလောက်တယ် ''
ထိုသူဘေးမှတစ်ယောက်ကလည်းဝင်ပြောလေသည်။
''အေးပေါ့ သူ့ရုပ်မြင်တာနဲ့ ဆေးမိလို့ထောင်နေတဲ့ မင်းပန်းတောင် တန်းညှိုး သွားနိုင်တယ်....ဟားဟားဟား...''
နောက်ဆုံးတွင်ထိုင်နေတဲ့ကောင်လေးကပါ စကားဝိုင်းထဲသို့ပါဝင်လာလေသည်။
'' မင်းတို့ အသက်ရှင်ရတာပျင်းနေပီလား...ဟမ်"
ဒရာမှာပြေးထိုးဖို့လုပ်သော်လည်း ဘေးမှ mask တပ်ထားသောသူများမှာသူ့အား ဆွဲချုပ်ထားလေသည်။