part-2

368 42 0
                                    

{Empress of the night}

Part-2

ည၇နှနာရီလောက်အနောက်ဘက်နန်းဆောင်ထဲကို ဂျောင်ဂုတစ်ယောက်ဝင်လာပြီး တံခါးကိုဖွင့်လိုက်သည်နှင့် မှန်တင်ခုံရှေ့မှာထိုင်ရင်း သူ့ဘက်ကိုလှန်းကြည့်နေတဲ့ အညိုရောင်မျက်လုံးတွေနဲ့ဆုံသည်

ညအိပ်ဝတ်စုံအဖြူရောင်ပိုးသားထည်ကိုဝတ်ထားပြီး သူ့ရဲ့ပုလဲလိုချောမွေ့တဲ့စိမ်းနုရောင်ဆံနွယ်ရှည်တွေကိုလဲ ဖြည်ချထားကာလက်ထဲမှာလဲ စပျစ်ဝိုင်ခွက်ကိုလှလှပပဝေ့ရမ်းနေသည်။

အနားကိုခြေလှန်းတလှန်းချင်းလှန်းရျ် လာကာ ရှေ့ကိုရောက်တော့ ဂျောင်ဂုခေါင်းကို လက်ဖြင့်ဖိချလိုက်သည် ရုတ်တရက်ဆိုတော့ ဂျောင်ဂုမှာမျက်လုံးအပြူးသားနဲ့ရယ်

"ငါ့ကိုမြင်ရင် ခေါင်းငုတ်ပြီးဂါဝရပြုစမ်းပါ"

စတွေ့တာနဲ့အမြင်ကပ်ဖို့ကောင်းအောင်ပြောလာတဲ့ ထယ်ယောင်းပင် ဂျောင်ဂုလဲသူ့ခေါင်းပေါ်မှာတင်ထားတဲ့ ထယ်ယောင်းရဲ့လက်အောက်ကနေခေါင်းကိုရုန်းလိုက်ပြီး ဘာစကားမှပြောမနေဘဲလုပ်စရာရှိတဲ့ အလုပ်မြန်မြန်ပြီးဖို့ မှန်တင်ခုံနားကိုလျှောက်သွားလိုက်၏

ထယ်ယောင်းကထိုင်ခုံမှာ မတ်မတ်လေးထိုင်ပြီး ဂျောင်ဂုကထယ်ယောင်းကျောနောက်မှာ မတ်တပ်ရပ်လျှက်

မှန်ထဲမှာမြင်နေရတဲ့ မင်းသားကိုစိုက်လဲမကြည့်ရဲ ဆေးအိတ်ထဲကဆေးပုလင်းတွေသာ ငုတ်ရှာနေပြီး ထယ်ယောင်းရဲ့ကျောပြင်ကိုဆေးရည်လိမ်းဖို့ အတွက် အပေါ်ကဝတ်ရုံလေးအနည်းငယ်ဆွဲချဖို့လိုတာကြောင့်

မှန်ထဲကကောင်လေးကိုတချက်လှန်းကြည့်ကာဖြင့်

"ဟို အပေါ်ဝတ်ရုံလေး အောက်ကိုနည်းနည်းဆွဲချပေးပါလား ကျောပြင်ကိုလိမ်းရမှာမို့"

"အော ကောင်းပြီလေ"

ဆံနွယ်တွေကိုဘေးဘက်သို့ချပြီး အပေါ်ဝတ်ရုံလေးကိုခက်ရှောရှောဆွဲချပေးသည် ဖြူဝင်းစွာထွက်ပေါ်လာတဲ့ ကျောပြင်ရဲရဲလေးကြောင့် တခနတော့ငေးယူမိပါ၏

အိမ်ရှေ့စံကomegaဖြစ်လို့များ ခန္တာကိုယ်အချိုးစားကသေးသွယ်နေရတာများလား ပန်းတွေနဲ့ တင်စားခံရတဲ့အထိလှပပါတယ်ဆိုတဲ့ ကင်မ်ထယ်ယောင်းကို အခုလိုအနီးကပ်မြင်ရဖို့အတွက်
alphaအများစုကစောင့်မျှော်နေကြပေမဲ့ ငါ့လိုမျိုးရိုးနိမ့်လူကဘာလို့ မင်းသားအနားမှာရှိနေရတာပါလိမ့်....

Empress of the night Where stories live. Discover now