part-7

185 31 0
                                    

{Empress of the night}

Part-7

တောအုပ်ကိုဖြတ်ကာ တောင်ထိတ်ပေါ်ကဘုရားကျောင်းဆီသို့တက်ခဲ့တာ၁နာရီခွဲကြာမြင့်သည်။

အေးဆက်လာတဲ့ရာသီဥတုနဲ့ မှောင်မှိုက်လာတဲ့မြူတွေကြောင့် မြင်ကွင်းဟာသိပ်မရှင်းတော့ မောပန်းလာပေမဲ့မောပန်းရကျိုးနပ်တယ်ပြောရမည် တောထဲတွင်ရှားပါးငှက်တွေနဲ့ လှပတဲ့ဂျိုတွေရှိတဲ့သမင်တွေကိုလဲတွေ့မြင်ခဲ့ရသည် နှင်းရေစက်ကြောင့် စိုမြနေတဲ့သစ်ရွက်စိမ်းလေးတွေဟာ ဖြင့်အမြင်အာရုံကိုကြည်မြစေပြီး သဘာဝအတိုင်းစီးစင်းနေတဲ့ချောင်းအိုင်ထဲတွင် ကူးခက်နေသည့် ရွှေငါးလေးတွေမြင်ခဲ့ရသေး၏

အမြင့်ကိုရောက်လေလေ ဘုရားကျောင်းထိတ်ကအုတ်ခဲပြားတွေနဲ့ကာရံထားတဲ့အမိုးတွေကိုမြင်တွေ့ရသည် အပေါက်ဝမှာစိုက်ထူထားတဲ့ အနီရောင်တိုင်တွေဟာ သူတို့ကိုကြိုဆိုလျှက် မီးမညှိထားတဲ့တံတားတန်းပေါ်က မီးအိမ်လေးတွေဟာဖြင့် ပင့်ကူမျှင်တွေတက်နေသည်အထိ ထိုတောင်ထိတ်ပေါ်လူတွေမလာတော့တာအတော်ကြာပြီဆိုတာကိုမြင်တွေ့စေသည်

တောင်ထိတ်ကိုရောက်သည်နှင့် တိုးဝှေ့လာတဲ့လေဖျူးတွေနဲအတူ ဆံနွယ်တွေဟာ အနောက်ဘက်သို့လှုပ်ခက်ယိမ်းနွဲ့သွားသည်။

ကောင်းကင်ပြာကြီးရယ် အဖြူရောင်တိမ်တွေရယ် အစိမ်းရောင်သစ်ရွက်စိမ်းတွေနဲ့ မြင်ကွင်းဟာသိပ်ကိုရှင်းလင်းလှသည်။

ထယ်ယောင်းက တောင်အစွန်းနားရောက်နေပြီး ကာရံထားတဲ့တံတားလက်တန်းပေါ် လက်တင်ကာအားပြုရျ် ခြေထောက်တွေကိုကြွကာ မြင်ကွင်းကျယ်ကြီးကိုတဝကြီးငေးကြည့်နေမိ၏

မြင်ကွင်းရဲ့အဝေးဆုံးကိုလှန်းကြည့်နေသည်မှာ လွတ်လပ်နေတဲ့ငှက်လေးတစ်ကောင်လို တောင်ပံတွေသာပါခဲ့ရင် ကောင်းကင်ပြာကြီးဆီကိုပျံသွားလိုက်ချင်ပါရဲ့

“ပြုတ်ကျမယ်နော်”

အနားကိုလျှောက်လာရင်းပြုတ်ကျမှာဆိုးလို့ပြောလာတဲ့ဂျောင်ဂုက လက်တန်းပေါ်နောက်ကျောပေးကာမှီရပ်လိုက်သည်။

“ဂျောင်ဂု ဟိုး...မှာမြင်ရလား ရွာသေးသေးလေးတွေ ငါတို့တည်းတဲ့အိမ်ဘယ်မှာလဲဆိုတာလိုက်ရှာပေးပါလား”

Empress of the night Where stories live. Discover now