{Empress of the night}
Part-4
တိတ်ဆိတ်တဲ့ လေသံငှက်သံသာကြားရတဲ့ စိမ်းစိုနေသည့်လယ်ကွင်းပြင်ကြီးရှေသို့ရောက်တော့ ငြိမ်ငြိမ်လေးရပ်ကြည့်မိသည်
ပဲပြောင်းနှမ်းဝါ စိုက်ခင်းတွေနဲ့ မြေပြင်စိုက်အချိုသီးတွေကို အပြည့်အနှံစိုက်ပျိုးထားပြီး တောင်ပေါ်ကနေ လှေကထစ်ပုံစံ အောက်ဘက်သို့ဆင်းကာပုံဖော်ထားသောကြောင့် မြင်ကွင်းဟာရှင်းလင်းလှသည်။
ကျယ်ပြန့်လွန်းတဲ့မြေကြောင့် အောက်ဘက်ကိုဆင်းပြီးလယ်စိုက်ရမည်ဆို လယ်သမားတွေက ဘီးလှည်းများကိုအသုံးပြုရျ် အသီးအနှံများကိုသယ်ယူကြသည်
ကိုယ်စီတာဝန်ကိုထမ်းဆောင်နေတာမြင်ရတော့ စိတ်ထဲဒီနေရပ်လေးကိုပိုသဘောကြမိလာ၏မနက်ခင်းပိုင်းမလို့ကောင်းကင်ကကြည်လင်နေပြီး တောင်အပေါ်စီးကနေလှန်းကြည့်ရတဲ့ခံစားချက်ဟာငှက်တစ်ကောင်သဖွယ် လွှတ်လပ်ပေါ့ပါးလွန်းတော့ စိတ်တွေကပျော်ရွှင်လာရသလို
"ထယ်လေး ကြည့်ချင်သွားကြည့်လေ ဟိုဘက်မှာအသီးစိုက်ခင်းတွေရှိတယ် အမတို့တောင်ပေါ်သီးတွေသိပ်ချိုတာလေ"
"ဟုတ်"
ညင်ညင်သာသာပြန်ဖြေလိုက်ပြီး အမနာရာဆိုတဲ့တစ်ယောက်နဲ့ အသီးစိုက်ခင်းဘက်ကိုအတူလျှောက်လာခဲ့သည်။
ရောင်စုံစိုက်ခင်းကြီးကိုရောက်သွားသလို နှင်းသီး စတော်ဘယ်ရီ ပန်းသီးအစရှိ ဆောင်းဦးရာသီမှာသီးတဲ့ အသီးတွေက မြေပြင်မှာအလျားရောက် သစ်ပင်မှာအလျားရောက် များစွာသီးနေကြပြီး
လယ်လုပ်သမားအမျိုးသမီးများလဲ ဝါးခြင်းတောင်းလေးတွေနဲ့ မှဲ့လာတဲ့အသီးတွေကို ခူးကာ တချို့ကိုသစ်သားပုံးကြီးတွေထဲသိုလှောင်နေကြပြီး တချိူ့ကိုဓားဖြင့်ခွဲယူကာ ဆေးဝါးအဖြစ်၊အယိုထိုးဖို့အတွက်ဖြစ်ဖြစ် ခွဲချေနေကြသည်။ရွာကလူတွေကသိပ်ကိုဖော်ရွေပြီး ထယ်ယောင်းကိုမြင်သည်နှင့် သူတို့ရွာကဧည့်သည်ဆိုပြီး ဝါးခြင်းလေးတွေပိုက်ကာ အနားကိုရောက်လာကြသည်။
"စတော်ဘယ်ရီလေးမြည်းကြည့်ပါလားရှင့်"
"အာ ဒါဆိုနည်းနည်းယူမယ်နော်"