~Only Love (1)~

141 10 3
                                    

Sj"ကိုကို!!ကျွန်တော်တို့အခု ထွက်ပြေးမှရမယ် မဟုတ်ရင် ကိုကိုနဲ့ကျွန်တော်ဒီတစ်သက်ဝေးသွားရလိမ့်မယ်"

ကိုကို့ရဲ့လက်‌ေကာက်ဝတ်ကိုဆွဲကာထွက်ပြေးဖို့ရွယ်လိုက်ပေမယ့် ဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်ပေါ်ကိုပြန်လည်ဆုပ်ကိုင်လာတဲ့ကိုကို့ရဲ့လက်ဖဝါးနုနုလေး ထို့ကြောင့်

Sj"ကိုကို!!ဘာလုပ်နေတာလဲ ကျွန်တော်တို့.."
Jk"ဟင့်အင်း ကိုကိုမလုပ်နိုင်ဘူး ဆော့ဂျင်~
ကိုကိုဆော့ဂျင်နဲ့မလိုက်နိုင်ဘူး"

ထိုသို့ပြောပြီးဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်ကိုဖြုတ်ချကာမျက်ရည်စတို့နဲ့အတူငြင်းဆန်လာတဲ့ကိုကို...မယုံကြည်နိုင်ခြင်းများစွာနှင့်ကိုကို့ကိုကြည့်နေမိသည်...

Sj"ကို..ကိုကို~အခု ဘာ ဘာပြောလိုက်တာ?ကျွန်တော် ကျွန်တော်နဲ့မလိုက်နိုင်ဘူးလို့ အခု ပြောလိုက်တာလား?ဟုတ်လား ကိုကို?"
Jk"ဟုတ် ဟုတ်တယ်"
Sj"ဘာလို့လဲ?!!ဘာလို့ မလိုက်နိုင်ရတာလဲ?ကိုကို ကျွန်တော့်ကိုမချစ်ဘူးလားဟင်?အခုလိုထွက်မပြေးရင် ကျွန်တော့်ကို အိမ်ကတခြားတစ်ယောက်နဲ့လက်ထပ်ပေးကြလိမ့်မယ်!ကိုကို မဟုတ်တဲ့ တခြားတစ်ယောက်ကိုကျွန်တော်လက်ထပ်ရလိမ့်မယ်~ကိုကို~ကျွန်တော့်ကို အဲ့လိုဖြစ်စေချင်လို့လား ဟမ်?"
Jk"..........."
Sj"လာပါ ကိုကိုရာ အခု ကျွန်တော်တို့ထွက်ပြေးကြမယ်နော် လာ"

တစ်ခါထပ်ပြီးကိုကို့လက်ကိုဆွဲလိုက်တော့

Jk"ကိုကို ယောင်းကိုမထားခဲ့နိုင်ဘူး ဆော့ဂျင်~"

ထိုစကားတစ်ခွန်းတည်းနဲ့တင် ကိုကို့လက်ကိုဆုပ်ကိုင်ထားတဲ့သူ့လက်တို့ပြေကျသွားရတော့သည်....ထို့နောက်

ကိုကို့ကိုမျက်ရည်စတို့နဲ့အတူပြန်ကြည့်မိလျှင်ပင် ကိုကိုကရင်နာစကားကိုထပ်ကာဆိုပြန်သည်.....

Jk"ဟုတ်တယ် ကိုကို ယောင်းကိုမထားခဲ့နိုင်ဘူး~ကိုကို ယောင်းကိုမခွဲနိုင်ဘူး..."
Sj"ဘာလို့လဲ~ကျွန်တော့်အချစ်တွေက ကိုကို့အတွက်မလုံလောက်ခဲ့လို့လား?ကိုကို့ကိုကျွန်တော့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်ပေးခဲ့တာတွေ ဂရုစိုက်ပေးခဲ့တာတွေက ကိုကို့အချစ်ဦးဖြစ်တဲ့ကင်ထယ်ယောင်းကိုမေ့ပစ်နိုင်ဖို့မလုံလောက်ခဲ့လို့လား~ကျွန်တော့်အချစ်ကကိုကို့အတွက်ခဏတာပျော်ရွှင်မှုဖြစ်ခဲ့တာလား ဟမ် ကိုကို~ကိုကို ကျွန်တော့်ကို ဖြေပါအုံး~"
Jk"ကိုကို မင်းကိုတကယ်ချစ်ခဲ့ပါတယ်"
Sj"ချစ်ခဲ့တယ်~ချစ်ခဲ့တယ် ဆိုတော့...ကိုကို~ကျွန်တော့်နှလုံးသားကို..ကစားနေခဲ့တာလား?!!ကိုကို ကျွန်တော့်ကိုဂိမ်းတစ်ခုလိုကစားနေခဲ့တာလား?!!!ကျွန်တော်ကကိုကို့အတွက်ဘာလဲ?!!ကျွန်တော်ကကိုကို့အတွက်ဘာလဲလို့!!!"
Jk"ကိုကို မသိဘူး ဆော့ဂျင်!!ကိုကို မသိဘူး!!ကိုကိုသိတာ ကိုကိုယောင်းကိုထားပြီးမင်းနဲ့မလိုက်နိုင်ဘူးဆိုတာဘဲ~"

ထိုအခါနာကျည်းစွာရယ်လိုက်ရင်း

Sj"ဟုတ်ပါရဲ့~ကျွန်တော်က~ကျွန်တော်ကကိုယ့်နေရာကိုယ်‌မေ့နေခဲ့တာဘဲ~ကျွန်တော်ဆိုတဲ့ကောင်က ကိုကို့အတွက်ဒုတိယလူဖြစ်နေခဲ့တာဘဲ~ပထမလူနဲ့အဆင်မပြေချိန်မှာတွေ့ခဲ့တဲ့ကျွန်တော့်ကို..ကိုကိုတကယ်ဘယ်ချစ်ပါ့မလဲ~အချိန်တန်ရင် ပထမလူဆီကိုဘဲကိုကိုပြန်သွားမှာဘဲလေ...ဒါကိုကျွန်တော်က~ကိုကိုကျွန်တော့်ကိုတကယ်ချစ်တာပါ~ကျွန်တော့်ကိုထားပြီးဒုတိယလူဆီပြန်မသွားပါဘူး~ကျွန်တော့်ကိုဘဲရွေးချယ်မှာပါလို့~ကျွန်တော်အတ္တကြီးစွာတွေးခဲ့မိတာဘဲ~ကျွန်တော်မှားခဲ့တယ်~ကျွန်‌ေတာ်မှားသွားခဲ့တယ်~ဟက်~"
Jk".........."
Sj"ကိုကိုသိလား?အစကတည်းကအချစ်ဦးကိုမမေ့နိုင်တဲ့ကိုကို့ကိုကျွန်တော်မချစ်ခဲ့သင့်ဘူး~ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးမချစ်ခဲ့သင့်ဘူး~ကျွန်တော်အရှုံးပေးပါတယ်~ဒီပြိုင်ပွဲမှာ ကျွန်တော်ရှုံးပါတယ်~နောက်ဆုံးတော့လည်းဘယ်လောက်ဘဲချစ်ပေးခဲ့ချစ်ပေးခဲ့ နောက်ဆုံးတော့လည်း ကျွန်တော်ဟာအပိုလူတစ်ယောက်ပါဘဲ~ကိုကိုသိလား?ကျွန်တော်က..လူတစ်ယောက်ကိုချစ်မိသွားရင်ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်တတ်သလို လူတစ်ယောက်ကိုမုန်းမိပြီဆိုရင်
အဲ့လူကိုသေရာပါအထိမုန်းတတ်တယ်!!ကိုကိုဟာကျွန်တော့်ဘဝရဲ့အချစ်ရဆုံးသောသူဖြစ်ခဲ့ပါတယ်~ဒါပေမယ့်~အခုတော့ ကိုကိုဆိုတာကျွန်တော့်ဘဝမှာအမုန်းဆုံးသူဖြစ်သွားခဲ့ပြီ!!နှုတ်ဆက်ခဲ့ပါတယ် ဂျွန်ဂျောင်ကုရှီးး!!"

နာကျည်းစွာဆိုလိုက်ရင်းထိုနေရာကနေလှည့်ထွက်လာခဲ့တော့သည်....အခုကစပြီးခင်ဗျားကိုကျုပ့်ဘဝထဲကနေရောကျုပ်နှလုံးသားထဲကနေရောသေရာပါထုတ်ပစ်လိုက်ပြီ ဂျွန်‌ဂျောင်ကု!!ခင်ဗျားကိုကျုပ်မုန်းလိုက်ပြီ!!












Jinkook 🐹🐰short story collectionsWhere stories live. Discover now