သူဒီအိမ်ကြီးထဲမှာနေလာရတာတစ်နှစ်ကျော်သွားခဲ့ပြီ...အခုချိန်ထိသူ့ကိုလာကယ်မယ့်သူမရှိသေးပေ...ဘာကြောင့် အပါးကသူ့ကိုလာမကယ်ရေသးတာလဲ?သူပျောက်နေတာကိုမသိလို့လား..ဒါပေမယ့်မသိရအောင်သူပျောက်နေတာတစ်ရက်နှစ်ရက်မှမဟုတ်ဘဲ တကယ်ဆိုသိသင့်လောက်ပါပြီ တစ်နည်းမဟုတ်တစ်နည်းနဲ့သူ့ကိုလိုက်ရှာသင့်ပါသည်...အပါးကသူ့ကိုမချစ်လို့များလား?ဟင့်အင်း မဖြစ်နိုင်တာ အပါးကသူ့ကိုသိပ်ချစ်တာ လျှောက်မတွေးစမ်းနဲ့ဂျောင်ကု~
ကြာလာတော့ဒီထဲမှာနေနေရတာသူငြီးငွေ့လာသည်...သူဒီအိမ်ကြီးထဲကနေရောဟိုလူ့လက်ထဲကနေရောလွတ်မြောက်ချင်လှပြီ...အမြဲတမ်းအိမ်ထဲမှာဘဲနေနေတဲ့သူကြောင့်သူထွက်ပြေးဖို့အခွင့်အရေးမရပေ...ထိုစဉ်အခန်းထဲဝင်လာတဲ့သူ...သူရှိရာကိုလျှောက်လာပြီးSj"ဂျောင်ကု~ကိုယ်ဒီနေ့ဆိုးလ်မြို့ထဲခဏသွားစရာရှိတယ်~ကျေးဇူးပြုပြီးထွက်ပြေးဖို့မကြိုးစားပါနဲ့~မင်းအတွက်ကိုယ့်အိမ်ကဘဲအလုံခြုံဆုံးမို့လို့ပါ~ကိုယ်သွားတော့မယ် အိမ်ထဲမှာကောင်းကောင်းနေရစ်ပါ~ကိုယ်မင်းဖို့ထမင်းချက်ထားပေးတယ် စားထားလိုက်နော်"
ထိုသို့ဆိုပြီး သူ့နဖူးကိုဖွဖွလေးနမ်းကာထွက်သွားလေသည်...သူမငြင်းဆန်ခဲ့မိ~သူ့ကိုဖမ်းကာထားသည်ကိုသိပေမယ့်ဘာရယ်ကြောင့်မသိထိုသူရဲ့သူ့ကိုကြည့်တဲ့နူးညံ့တဲ့အကြည့်တွေကိုသဘောကျနေမိသည်...ထိုသူရဲ့နူးညံ့တဲ့အထိအတွေ့တွေကြားမှာပျော်ဝင်နေမိသည်...သို့သော်ငြား~ထိုသူနဲ့တော့တစ်သက်လုံးဒီမှာနေမသွားချင်ပေ...ထိုသူက
psychoတစ်ယောက်~အခန်းတစ်ခုထဲမှာလည်းသူ့ရဲ့ဓာတ်ပုံတွေနဲ့သူ့ရဲ့ပုံတူပန်းချီကားတွေကအပြည့်...အဲ့လိုpsychoတစ်ယောက်နဲ့တော့သူအတူမနေနိုင်ပေဒါကြောင့်သူထွက်ပြေးဖို့ကြိုးစားမည်..အခုချိန်ကသူ့အတွက်အခွင့်အရေးပင် ...ထို့ကြောင့်ထွက်သွားတဲ့သူရဲ့အနောက်ကိုခိုးပြီးလိုက်သွားလိုက်တော့ခြံတံခါးကိုသွားဖွင့်ေနတာေကြာင့်ထိုအချိန်ပုန်းေနတဲ့ေနရာမှထွက်ကာထိုသူရဲ့ကားအနောက်ဖုံးထဲကိုဝင်ကာပုန်းနေလိုက်တော့သည်....ဒီလိုနည်းနဲ့မှသာသူဒီအိမ်ထဲကနေလွတ်မြောက်နိုင်မည်...ထိုသူကိုသနားမိပင်မယ့်လည်းပေါ့....ခဏကြာတော့ကားပေါ်ကိုထိုသူတက်လာပြီးကားစက်နှိုးကာမောင်းထွက်လိုက်ရင်း ပြီးမှကားခဏရပ်ကာကားေပါ်ကဆင်းသွားလေသည်..ကြည့်ရတာခြံတံခါးသွားပိတ်သည်ထင်...ခဏကြာေတာ့ကားေပါ်ပြန်တက်လာပြီးထိုအိမ်ကနေမာင်းထွက်သွားေတာ့သည်...သူပါလာတာကိုမသိဘဲနဲ့ပေါ့.........နာရီအတော်ကြာမောင်းပြီးနောက်မှာတော့ကားရပ်တန့်သွားခဲ့သည်...မြို့ထဲရောက်သွားပြီထင်တယ်~ကားတံခါးဖွင့်သံနဲ့အတူထိုသူကားပေါ်ကနေဆင်းသွားပြီဆိုမှကားအနောက်ဖုံးကိုအသာအယာဖွင့်ကာကားထဲကနေထွက်ပြီးဘေးဘီယာကိုပတ်ကြည့်မိသည်ထိုသူ့ကိုမတွေ့ရတော့မှ ထိုနေရာကနေဝေးရာကိုထွက်ပြေးလာခဲ့လိုက်တော့သည်...နှုတ်ခမ်းပါးထက်အပြုံးတစ်ခုချိတ်ဆွဲရင်းပေါ့..သူအခုလွတ်မြောက်သွားပြီ....သို့သော်သူမသိခဲ့သည်ကဆော့ဂျင်ကထွက်ပြေးသွားတဲ့သူ့ရဲ့ေကျာပြင်ငယ်ကို အဝေးတစ်နေရာကနေချောင်းကြည့်နေခဲ့တာကိုပင်...
YOU ARE READING
Jinkook 🐹🐰short story collections
ספרות חובביםမြတ်နိုးရာအတွဲလေးကိုshort story ပုံစံစိတ်ကူးပြီးရေးသားထားတာပါ~~#jinkook#