ကုမ္ပဏီသို့ဒီးလာချိန်သစ္စာမင်းကိုလည်းခေါ်ထားသည်
အမှတ်မထင်ဓါတ်လှေကားပေါ်တွင် သူတို့နှစ်ယောက်တွေ့ဆုံခဲ့သည်။
ဒီးကသစ္စာမင်းအားမှတ်မိသည်
သစ္စာမင်းကတော့ဖုန်းသုံးရင်းသာ
"ဘာကြည့်တာလဲ မင်း
ဘာမှမဟုတ်ပါဘူး ခင်ဗျ ဒီအတိုင်းပဲဝင်လာလို့ကြည့်မိတာပါ အာ့ဆိုမင်းအရင်သွားလေ ပြီးမှငါသွားတော့မယ်"
ခင်ဗျား ဒါလေးကြည့်တာကို ဘာဖြစ်နေတာလဲ
သစ္စာမင်းအာရုံနောက်လာသည်။
တော်ပီ ထားလိုက်တာ့
ဖေထင်သားရောက်ပီ အော်အေး
ထိုအချိန်ဒီးလည်းခွင့်ပြုချက်နဲ့ဆိုတော့တန်းဝင်လာသည်။ အော်ဒီးမင်းလာလေ ဟုတ်
ဦးတို့ကုမ္ပဏီမှာအလုပ်လုပ်မယ်မှတ်လား
ထိုင်တောင်မထိုင်ရသေးတဲ့ဒီးပျော်သွားသည်။
ဟုတ်ဦး
အဖေသားကိုဘာလို့ခေါ်တာတုန်း
အော်အေးမင်းမနက်ဖြန်ကစပြီးမင်းမင်းဆီကအလုပ်သင် ဒါပဲ
Okဖေထင် ဒါဆိုသားဒီညဟိုကောင်တွေနဲ့Clubတက်လိုက်အုံးမယ်
ပြောရင်းထွက်သွားသည်
ဟင်ဒီကောင်
ဒေဝီ့တူသားဒီးမှာတော့ယောကျ်ားသာပြောတယ် အပျော်အပါးလည်းမမက် အလောင်းအစားလည်းမလုပ် ရိုးကရိုးသား
နေတတ်ထိုင်တတ်နဲ့ဦးသားလည်းအာ့လိုဖြစ်ရင်ကောင်းမာ
မြှောက်ပြောနေပါပီ ဦးရယ်
ဦးသားကကြိုးစားတယ်ဒါမဲ့ပေါက်ပေါက်ရောက်ရောက်လားဆိုတော့မဟုဘူး ဒီလိုပဲရေပေါ်ဆီ
ဒီလိုလုပ်-
ဦးက တိုက်ခန်းအသစ်ဝယ်ထားတာလေညညဆိုသစ္စာမင်းက အိမ်ပြန်မလာဘူးအာ့တိုက်ခန်းသွားသွားအိပ်တာ အာ့ကောင်မူးနေတော့ဦးစိတ်မချဘူး
အာ့တာသားဒီးက တိုက်ခန်းမှာသွားနေပေးလို့ရလားဟင်
ကုမ္ပဏီနဲ့လည်းနီးတယ်လေ မင်းတို့နေရာကဆိုဦးကုမ္ပဏီလာရရင် ၁နာရီလောက်ကြာမှာ တိုက်ခန်းကနေဆိုပြောသလောက်မဝေးတော့
စရိတ်သက်သာတာပေါ့ကွာ ပီးတော့ဦးစာအုပ်တွေအများကြီးရှိတယ် မင်းလေ့လာလို့ရတာပေါ့ကွာ မဟုဘူးလား
ဟုတ်ဦး
ဒီးသဘောတူလိုက်သည် အပြန်ကျမှဓါတ်လှေကားပေါ်က ကိစ္စတွေးမိပြီး ဦးသားနဲ့ငါနဲ့အဆင်ပြေပါ့မလားတွေးမိသည်။
ကဲ ဖြစ်ချင်ရာဖြစ်ကွာ