Dee KoKo(ဒီးကိုကို)
ဦးဖေဒီးနှင့်ဒေါ်ဒေစီတို့၏သား
ညီမလေးတစ်ယောက်ရှိသည်
အမည်မှာဒီဒီသန့်
ဒီးကိုကိုမွေးနေ့(ဒီးကိုကိုမွေးနေ့(14.2004)
ဒီးကိုကိုမွေးနေ့
ဝါသနာ-သီချင်းဆိုခြင်း၊စာဖတ်ခြင်း၊ဝတ္ထုရေးခြင်း(19.6.2020)(Monday)💔
ကျောင်းဆင်းချိန်မိုးအဆက်မပြတ်ရွာနေလေရဲ့.....
မိုးရေထဲမှာဘီးလေးအမြန်စီးပြီးအိမ်ကိုအမြန်ပြန်လာတဲ့ကောင်လေးတစ်ယောက် စက်ဘီးကိုအမြန်ဒေါက်ထောက် အိမ်ထဲပြေးဝင်လာချိန်
ငိုယိုနေတဲ့အမေနဲ့ညီမလေးကိုမြင်လိုက်ရပီး အပြုံးတွေပျောက်လွှင့်သွားခဲ့ရတယ်။
အဖေဖြစ်သူ(ဦးဖေဒီး)ငှက်ဖျားရောဂါနဲ့ ဆုံးပါးသွားလေရဲ့.
ကျောင်းကပေးလိုက်တဲ့အမှတ်စာရင်းလေးကိုင်ကာ အဖေလက်မှတ်ထိုးခိုင်းလိုက်တယ်လို့တောင်ပြောခွင့်လေးတောင် မပေးဘူးဖေဒီးရာ.တောက်စ်..
ဒီလိုနဲ့ပဲ၁၆နှစ်သားလေးမောင်(ဒီးကိုကို)ဆယ်တန်းထွက်ပြီး မိသားစုတာဝန်ထမ်းမယ်လို့ဆုံးဖြတ်တော့တယ်။ညီမဖြစ်သူကိုတော့ကျောင်းဆက်တက်ခိုင်းပီး ကြုံရာအလုပ်လုပ်လေတော့တယ်။
အမေဖြစ်သူ(ဒေါ်ဒေစီ)ကတော့..
အင်း ငါ့သားလေး အထက်တန်းပြီးဖို့ ၁နှစ်ပဲ လိုတာပါလေ ပြီးအောင်တက်ခိုင်းမှဖြစ်မယ်ဆိုပြီး
ရန်ကုန်မှာနေတဲ့ညီမဖြစ်သူ (ဒေဝီ)ဆီကိုဖုန်းဆက်အကူညီတောင်းကြည့်သည်။
ညီမဖြစ်သူနဲ့အဆက်အသွယ်ရတော့ အမရာ နင်ဒီလိုတေဖြစ်နေတာအခုမှပြောရသလား မနက်ဖြန်မန္တလေးကနေရန်ကုန်ပြောင်းလာလိုက်တော့
ဒီးကိုလည်းအလုပ်တွေလျှောက်ခိုင်းမနေနဲ့၊ အငယ်မလည်းငါကျောင်းထားပေးမယ်
သားမိသုံးယောက်လုံးပြောင်းလာလိုက်ကြ။
ဒီလိုနဲ့မောင်ဒီးတို့မိသားစုရန်ကုန်မှာဘဝသစ်စတင်ကြတော့တယ်
အန်တီဒေဝီကမောင်ဒီးတို့ရောက်လာတဲ့မနက်မှာပဲ ကဲအမ ကိုယ့်နေရာလိုသာသဘောထားပြီးနေကြတော့ ငါလည်းဒီအခန်းလေးထဲမာဘဲစာရေးဆရာမဘဝကိုဖြတ်သန်းခဲ့ရတာ နေသားကျနေပီ တို့တွေစုစည်းနေရတယ်ဆိုပေမဲ့ကျဉ်းတယ်လို့သဘောမထားဘဲ မိသားစုစုံလင်ပြီးနွေးထွေးတယ်လို့သာသတ်မှတ်လိုက်ပါ။
ဒီးအမေဖြစ်သူဒေါ်ဒေစီကတော့ ညီမရယ်နင်ဒီလိုကူညီပေးတာကိုကများလှပါပီဒါမဲ့အခန်းစာရိတ်က..
အမရယ် ငါရှိတယ်လို့
နင့်ခလေးနှစ်ယောက်ကျောင်းစားရိတ်ရောငါပေးမှာ
အဆင့်မြင့်ကိုယ်ပိုင်ကျောင်းတော့ငါမထားနိုင်ပေမဲ့ အစိုးရကျောင်းတော့ထားနိုင်ပါတယ်ဟယ်
ဒေါ်ဒေဝီ: ငါမှာရှိတဲ့စုဆောင်းထားတာလေးတေက ကိုဖေဒီးရောဂါကုရင်းကုန်သွားပီ၊မန္တလေးကအိမ်ကလည်းအငှားဆိုတော့
နင့်ကလေးလည်းငါ့ကလေးပါပဲအမရယ်။
ကြားဖြတ်ပီးမောင်ဒီးတစ်ယောက် အန်တီဒေဝီသားအလုပ်လုပ်..တိတ်စမ်းဘာကိုအလုပ်လုပ် မင်းအသက်အရွယ်ကကျောင်းလိုက်ပညာရှာရမှာလေ
ဟုတ် အန်တီ.
သားရယ်အန်တီငေါက်တယ်ဆိုတာ မင်းကိုဆင်းဆင်းရဲရဲနဲ့မနေစေချင်လို့ပါ။
သားစိတ်မဆိုးဘူးအန်တီ..ဟီး
ဒါနဲ့ သားဒီးကကျောင်းပြီးရင်ဘာလုပ်မှာလဲ