ခါတိုင်းမိုးလင်းချိန်လိုမဟုတ်သော နံနက်...
ကိုသစ် ကိုကလေ ပညာရော ရုပ်ရည်ရော အသံရော ခန္ဓာကိုယ်အနေထား ဥစ္စာဓန အကုန်ပြည့်စုံနေလို့ အကို့မိဘတွေက ကျွန်တော်နဲ့သဘောမတူတာလား ဟမ်
ဟုတ်မှာပေါ့
အော် သူတို့လည်းနှမြောမှာပါပေါ့ သူတို့သားက ခန့်ချောကြီးဟာ ဟုတ်တယ်နော်Dee
အင်း
အမ်..အဲ့လို အင်းဆိုပြီးပြီပေါ့
သစ္စာမင်းကတော့ Deeက သူ့ကိုသဲသဲလှုပ်စေချင်တာ
Deeကစကားနားထောင် ရင့်ကျက်တဲ့ပုံစံတဲ့ပုံစံလေးဆိုတော့ သစ္စာမင်းက အားမလိုအားမရ
Deeအတွေး...
"(ကိုကြီးအိမ်က ပြီးပြည့်စုံတဲ့လူနဲ့သဘောချင်ပုံရတယ် ငါလည်းအာ့လိုဖြစ်နိုင်တာပဲ
မဟုတ်လည်း မိသားစုကို ချမ်းချမ်းသာသာနေစေချင်တယ်)
အလုပ်ဆင်းတဲ့နေ့ကစလို့ Deeက အလုပ်မှာရော လေ့လာမှုပိုင်းမှာရော အားထည့်ခဲ့တယ်)
သစ္စာမင်းအိမ်ကလည်း Amခြေရှုပ်မှာစိုးလို့
အလုပ်မှာတွန်းအားပေးခဲ့တယ်ဖုန်း..
ကိုသစ် ညနေနောက်ကျအုံးမှာကျွန်တော်
စီနီယာ အမတွေနောက်experienceယူချင်လို့...
ဖုန်းချသွားတယ်
Deeကတော့လောနေလို့ပြောလိုက်တာ
သစ္စာမင်းကတော့
စီနီယာအမဆိုတာကြီးကို ခေါင်းထဲမှာစွဲနေတာသူ့အလုပ်ပါလေ
နှစ်ယောက်လုံးတိုက်ခန်းပြန်အရောက်
ကိုယ့်အလုပ်ကိုလုပ်ကြဆဲ
ပြီးမှ တနေ့တာအလွမ်းတေသယ်
ကိုသစ် ကို့အိမ်ကလေ အန်တီဒေဝီရှိတုန်းက ကျွန်တော့်အပေါ် အာ့လိုမဟုတ်ပါဘူးခုကဘာဖြစ်နေလို့လဲဒီးရဲ့....ဟမ်
မင်းခုတလောဘာတွေပြောမှန်းမသိဘူးနော်
အလုပ်ကမင်းစီနီယာ အမတွေကြောင့်လား
ဟမ်....
ဘာလို့အာ့လိုပြောတာလဲ
ကိုသစ်အလုပ်ကသက်သက်နော်
မဆိုင်တာတွေမထည့်နဲ့ဗျာ
အာ့ဆိုဘာလို့ရစ်နေတာတုန်း
တကယ်တော့ သစ္စာမင်း အလုပ်ကpressureတွေများပြီး နားချင်နေတဲ့အချိန်မှာ ဒီးမေးမိလို့ပါ😞ခုနက Deeသူ့ကိုပြန်ပြောတာကိုရော မကျေမနပ်ဖြစ်နေတဲ့သစ္စာမင်း
အရင်အိပ်နှင့်တယ် ကုတင်ရဲ့လက်ယာဘက်ခြမ်းမှာ ယာဘက်ကိုမျက်နှာမူထားတယ်
ငယ်ငယ်ထဲက အိမ်ကိုစိတ်ကြိုက်ဆိုးသူ အချော့ခံချင်တာ
Deeကလည်း ချက်ချင်းမချော့ဘဲ မနက်ဖြန်အပ်ရမယ့် အလုပ်ကိုပြီးမှ အိပ်တယ်