သူစိမ်းတို့ရဲ့အလယ်မှာ

2.1K 36 1
                                    

(၂၉)(warning!!!)

"'အောက်တန်းစားစိတ်ဓာတ်နဲ့ ရွံစရာကောင်းတဲ့လူယုတ်မာကြောင့်လေ ကျွန်မအဖေသေရတာ"'

""......""

စိမ်းစိမ်းကားကား အန်ချနေသည့် အသက်ရဲ့စကားလုံး တစ်လုံးစီတိုင်းဟာ မိမိနှင့်တိုက်ရိုက်ဆက်နွှယ်တာကြောင့် ဟန်သစ် နှုတ်ဆိတ်နေမိလေ၏။ နာကျည်းမှုတွေရောယှက်နေပြီး သူ့အပေါ်ကိုမှ အေးစက်စက်ဖြစ်နေသည့် အသက်ရဲ့ပုံစံအတွက် အဖြေဟာ ထင်ရှားစွာ ပေါ်လာခဲ့ပြီဖြစ်၏။ ယောက္ခထီးဖြစ်သူဟာ လူ့လောကမှ ထွက်ခွာသွားသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏ပယောဂကြောင့်ဟု အသက်လေး ထင်နေပုံရသည်။ မမကြီးတစ်ယောက် ဒုက္ခပေးပုံများ ဒီလောက်ထိ မိမိရဲ့ မိသားစုအသိုက်အဝန်းလေးကို သက်ရောက်မှုရှိသွားသည်တဲ့။ မျက်ရည်တွေကိုသုတ်ပြီး ထွက်သွားသည့် ယောက္ခမဖြစ်သူကို အဓိပ္ပါယ်မဲ့ ငေးကြည့်လိုက်ရင်း အရာရာကို သူ သဘောပေါက်နားလည်ခဲ့ပါပြီ။

"'ကြက်ဥကြော်ပေးမယ် စောင့်နေ အင့်"'

""မဆာတော့ပါဘူးကွာ""

"'တကယ် မစားတော့ဘူးနော်"'

""အင်း အင်း စားမယ်နော် ကိုယ်စောင့်မယ်""

နှက်ညှစ်ပြီး ခပ်စောင်းစောင်းလှည့်ကြည့်လာကာ လက်ညှိုးထိုးပြောလာသည့် အသက်လေး၏ မျက်နှာက စူပုပ်နေတာမို့ ဟန်သစ် ထမင်းစားပွဲမှာ ဆက်ထိုင်လိုက်ရသည်။ တကယ်တမ်း သူ ထမင်းစားချင်စိတ်မရှိတော့ပါ။ ယောက္ခထီးဖြစ်သူ၏ စိတ်မကောင်းစရာသတင်းကို ကြားပြီးကတည်းက ရင်ထဲမကောင်းတော့။ ပိုဆိုးတာက အသက်လေးရဲ့ ဥပေက္ခာတရားတွေ၏ အဓိက အရင်းခံကိစ္စကို သိလိုက်ရတာကြောင့်ပင်။ ဒီကိစ္စကို သူ မလုပ်ပါဘူးဟု ပြောလျှင် အသက်ကလေးက ယုံလိမ့်မတဲ့လား။ မမကြီးလုပ်တာဟု ပြောပြလိုက်လျှင်လည်း မမကြီးကို အသက်က ဘယ်လိုထင်လိမ့်မလဲ။ ခက်တော့တာပဲ။ လက်လွှတ်လိုက်၍ မဖြစ်သည့် အစွန်းနှစ်ဖက်ကြားမှာ ဘယ်အစွန်းကို သူ နင်းရတော့မလဲ။

""ကိုယ်လေ......""

"'ရှူးးးးးး ရှဲ"'

""ကိုယ်ပြောစရာရှိတယ်""

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Donde viven las historias. Descúbrelo ahora