Part-10

231 16 2
                                    

"ထယ်ထယ်ကျွန်တော်ဟိုကျရင်အဝစားလို့ရတယ်မလား"

"အဝ??မရဘူးပေါက်စ"

"ဗျာ...ဘာလို့လည်း"

"ဝက်ပုတ်လေးဖြစ်သွားမှာပေါ့"

"အာ....benကိုတောင်အပြင်မှာအဝစားလာမှာလို့ပြောထားတာကို"

ပြောရင်းနဲ့နှုတ်ခမ်းဖူးဖူးလေးတွေကဆူထွက်လာသေးသည်တစ်ကယ်ပါဟောဒီကကောင်ကသမာဓိအားမကောင်းဘူးအဖြူလုံးလေးရဲ့အသည်းတွေယားပြီးဘာလုပ်မိမယ်မသိ...စိတ်ထိန်းစမ်းထယ်ယောင်းစိတ်ထိန်း∆

"စတာပါဗျာပေါက်စစိတ်ကြိုက်အဝစားဟုတ်ပြီလား"

"ပြီးရော!"

"မလွယ်ကြောလေး;"

"ဘာပြောတယ်"

"ဟင်ဘာပြောလို့လည်း"

"တစ်ခုခုပြောလိုက်တယ်မလား"

"မပြောပါဘူးဗျာ"

"ဟွန့်သိနေတယ်နော်..."

"ကဲကဲရွှေစိတ်တော်မညှိးပါနဲ့ဗျာ
ရောက်ပါတော့မယ်"

"မောင်း...မောင်း~~"

စိတ်ကကောက်နေလေပြီပွဲပြီးရင်တော့အပီအပြင်ချော့ဖို့ပြင်ထားတော့ထယ်ယောင်းရေ....ချစ်တော့လည်းစိတ်ကောက်တာလေးကအစချစ်ဖို့ကောင်းနေတာမျိုး.....∆

********************************

"အော်ထယ်ယောင်းလာပြီလား
လာလာ"

"ကားလမ်းတွေပိတ်နေလို့နောက်ကျသွားလားမသိဘူးhyung"

"ရပါတယ်ကွာနောက်မကျသေးပါဘူးစားချင်တာယူစားကြနော်ကိုယ်လိုက်ဧည့်ခံလိုက်ဦးမယ်"

"ရပါတယ်ဗျာအေးဆေးပေါ့"

"ထယ်ထယ်..."

"ပြောလေပေါက်စ"

"စားလို့ရပြီလား"

"ဟင်..အော်ရပြီစားလေပေါက်စဘာစားချင်လဲ"

"မှန်း.....ဟောဟိုဘက်ကstrawberry cakeလေးကစားချင်စရာလေး"

"စားချင်လို့လားကိုယ်ယူပေးမယ်လေ"

"မယူနဲ့ထယ်ထယ်ကွကိုယ်ယူမယ်"

"ဟုတ်ပါပြီဗျာ"

အဖော်လိုက်လာပေးတာစားရဖို့များလားတောင်မသိအစားဆိုတာနဲ့မျက်လုံးလေးတွေဝိုင်းလာပြီးတစ်လက်လက်တောက်နေလိုက်တာများတစ်ကယ်ပါအစားနဲ့မျှားပြီးရောင်းစားရင်တောင်ရသည်∆

𝐡𝐲𝐮𝐧𝐠Where stories live. Discover now