Unicode
Recommended song_Anyone
အေးစက်စက်လေထုကြား ပူနွေးလျက်ရှိသည့် ခန္ဓာကိုယ်နှစ်ခုသည် လေထုအပူချိန်အား လွန်ဆန်နေသလို တည်ရှိနေ၏။စက္ကန့်လက်တံသံ တဂျက်ဂျက်ထက် ကျွန်တော်၏ရင်ခုန်သံက ပိုမြန်နေမလားဟု ထူးဆန်းစွာ မေးခွန်းထုတ်မိသည်။
လည်တိုင်ဆီ ကောင်လေး၏ဝင်သက်ထွက်သက်လေပြေလေးများ ရိုက်ခတ်နေသည်မှာ ကျွန်တော့်အတွက် ရင်ဖိုစရာကောင်းလှ၏။အသားချင်း ထိကပ်လိုက်တိုင်း အနည်းငယ်တော့ ပူသလိုလိုရှိသည်။ကျွန်တော်ပဲ စိတ်အိုက်နေသည်လား။ဒါမှမဟုတ် ကောင်လေး၏ ကိုယ်အပူချိန်ကြောင့် ကျွန်တော် ပူအိုက်နေမိသည်လား။ဒါတွေကို သေချာမသိတော့ပါ။သေချာတာတစ်ခုသည် ကျွန်တော့်ရှေ့တွင် ကလေးမကျလူကြီးမကျ လူပျိုပေါက်အရွယ် ကောင်လေး၏ချွဲနွဲ့မှုတွင် ကျွန်တောသည် ရုန်းထွက်နိုင်မည်မဟုတ်တာကိုတော့ ထူးဆန်းစွာလက်ခံရပေမည်။
လေသံတိုးတိုးဖြင့် ပြောတတ်သည့် ကောင်လေး၏အသံသည် ကျွန်တော် သဘောကျနှစ်ခိုက်စရာကောင်းသလို တခါတရံ မျက်နှာငယ်ဖြစ်ဖြစ်သွားတတ်သည့် ကောင်လေးမျက်နှာသည် ကျွန်တော့်အတွက် ဂရုဏာသက်စရာကောင်းလှသည်။ကျွန်တော့်အား ကလေးပီပီချွဲနွဲ့မှုသည် ချစ်စရာအလွန်ကောင်း၏။ဒါတွေကို ကျွန်တော် မည်သို့ လွန်ဆန်နိုင်မည်နည်း။
"အင်း ကိုယ် မောင့်ကို ထိန်းပါ့မယ်"
ထိုအခါ ကောင်လေးက ကျွန်တော့်အား တင်းကျပ်စွာဖက်လာသဖြင့် တဖန် လည်ပင်တစ်ဝိုက်တိုးဝေ့ခြင်းနှင့်အတူ ခပ်ဟဟရယ်သံတိုးတိုးလေးက ကပ်ပါလာ၏။ ကျွန်တော်သည် ထိုအခိုက်တွင် ကြက်သီးမွှေးညှင်းများထသွား၍ ပူနွေးလာသည့် ပါးပြင်မှာ ရှက်ခြင်းတရားနဲ့ ရင်ဆိုင်နေရသည်ဟုအတည်ပြုနေလေသည်။တပြိုင်နက် ကျွန်တော့်၏ပြောင်ရှင်းနေသည့် လည်ဂုတ်ဆီမှ အပူချိန်ကိုပါ ခံစားလိုက်ရ၏။
ကျောင်းစာမရ၍ အဆူခံရမှ၊လူကြားထဲအဆူခံရမှ ရှက်တတ်သည့်ကျွန်တော်သည် ဘာမဟုတ်သော ကောင်လေးတစ်ယောက်ကြောင့် ပီပီပြင်ပြင်ရှက်နေမိသည်ဆိုသည့် ကိစ္စသည် ကျွန်တော့်ကိုယ်ကျွန်တော် ထိပ်လန့်စေပါသည်။
YOU ARE READING
ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Completed)