Unicode
Recommend song_LeeHi Only
အချိန်အားဖြင့် ညနေ ၅နာရီ။ညတာရှည်လှသည့် ဆောင်းရာသီတွင် ပတ်ဝန်းကျင်သည် မှောင်သဲ့သဲ့ရှိနေ၏။ချမ်းစိမ့်စိမ့်လေထုကို ခစားကြည့်ချင်သော်လည်း ပိတ်ထားသည့် ကားမှန်ကြောင့် မျှော်လင့်ချက် တစ်စွန်းတစ်စမှ မရှိတော့။ဝတ်လာတဲ့ ဂျာကင်ဟောင်းက အိတ်ထောင်ထဲ လက်ထည့်ထားရင်း ပျင်းပျင်းရိရိဖြင့်သာ ဟိုဟိုဒီဒီလျှောက်ကြည့် နေမိ၏။ ကျွန်တော့် အကြည့်သည် တစ်ချက်တစ်ချက် နံဘေးနားက ကားမောင်းနေသည့် သူဆီ ရောက်သွားတတ်၏။မိုးမရွာ၊ နေမပူပါဘဲ ကားထဲတွင် လျှာထိုးဦးထုတ် စောင်းထားသည့် ကျွန်တော့်မှာ အနည်းငယ် ကြောင်တောင်တောင်တော့နိုင်သည်။
"ဦးထုတ်လေး ဘာလေး ချွတ်ထားပါလား"
"ဟင့်အင်း တော်ပါပြီ"
အန်ကယ်သည် ကားမောင်းနေရင်းမှ ကျွန်တော့်ကို တစ်ချက်ကြည့်ကာ အတွန့်တက်လေသည်။မဖြစ်ပါ။ဒဏ်ရာနားတွင်သာ ကွက်၍ ရိတ်ထားသည့် မညီမညာတော့သည့် ဆံပင်တွေကြောင့် မတတ်နိုင်စွာ တစ်ခေါင်းလုံး ရိတ်ပစ်ခဲ့ရ၏။ဂတုံးဆံပင်ပေါက်ဖြင့် ကျွန်တော့် မျက်နှာသည် ကြည့်ကောင်းနေသည့် အနေအထားတွင် ရှိမနေတော့။နောက်ဆက်တွဲသည် ကျွန်တော် ဘယ်တော့မှ ဂတုံးမတုံးတော့ဘူး ဟု မှတ်ချက်ချလိုက်၏။
၄၅မိနစ်အကြာတွင် အန်ကယ်ခေါ်လာသည့် နေရာတွင် ရောက်သည်။ထိုနေရာမှာ အင်းစိန်ထောင်သာ ဖြစ်သည်။
အချုပ်ဆောင်ရောက်တဲ့အထိ ကျွန်တော် ကြောင်တောင်တောင် ဖြစ်နေ၏။ရဲသားတစ်ယောက်၏ ခေါ်ဆောင်မှု နောက်တွင် အချုပ်ခန်းထဲရှိ လူငယ်/လူလတ်ပိုင်းအရွယ် အချုပ်သားများ ပြွတ်သိပ်နေသည်ကို တွေ့ရသည်။ ထို့နောက်တွင် အာမခံဖြင့် ထွက်လာသည့် အချုပ်သား၊မိသားစုဝင်နှင့် စကားပြောနေသည့် အချုပ်သား၊ ထမင်းဟင်းချိုင့် လာပို့သည့် မိသားစုဝင်တွေ၊ အချုပ်သား၏ အချင်းချင်း စကားပြောသံများ၊ အရာအားလုံးသည် မျက်စိနောက်စရာတော့ ကောင်းလှ၏။
VOCÊ ESTÁ LENDO
ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Completed)