အပိုင်း(၄၃)

4.8K 197 9
                                    

Unicode

မျက်နှာချင်းဆိုင် လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်ငှါး တစ်ယောက်က မသင်္ကာမျက်လုံးများနှင့် ဖြစ်နေပြီး တစ်ယောက်မှာမူ မလုံ့မလဲဖြစ်နေမှုကြောင့် သူတို့နှစ်ဦးသည် တရားစစ်ဆေးခံနေရသော တရားခံနှင့် တရားလိုသော တရားသူကြီးနှင့် ပိုလို့တူလေသည်။

"ဒန္နီ"

ကျွန်တော့်အသံနှင့် တိတ်ဆိတ်ငြိမ်သက်မှုအား ပထမဦးစွာ ဖြိုခွင်းလိုက်၏။

"ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ တကယ်ပဲလား"

ထိုအခါ ဒန္နီက ထင်ထားသလို ရှက်ရွံ့မှုတောင်မရှိဘဲ အေးစက်တည်ငြိမ်စွာ ပြုံးရင်း ခပ်ပြတ်ပြတ်သာဖြေသည်။

"ဟုတ်ကဲ့"

ထိုအရာအား ဘဝင်မကျစွာ တစ်ချက်မျက်မှောင်ကြုတ်လိုက်၏။ဘယ်မိန်းကလေးကများ သူချစ်ကြိုက်ရသော အမျိုးသားရှေ့ ချစ်ကြောင်းကြိုက်ကြောင်း ပြောသည့်အခါ မရှက်ရွံ့ဘဲ နေမည်နည်း။

"ဒါပေမဲ့ ကျွန်တော် မခံစားရဘူး ဒန္နီကျွန်တော့်ကို ချစ်တာ မဖြစ်နိုင်တဲ့ကိစ္စပဲလေ"

ထိုစကားကြားပြီးသည်နှင့် တစ်ပြိုင်နက် ဒန္နီက မူပျက်သွား၍ ချက်ချင်း မျက်နှာလွဲသွား၏။ဒါသည် မလုံ့မလဲဖြစ်နေဟန်ရှိ၍ တစ်ခုခုအား ဖုံးကွယ်ထားသည်ဆိုတာ သိသာလှသည်။

"အကြောင်းအရင်းက ဘာလဲ ဒန္နီ၊ ကျွန်တော့်အပေါ် ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဘာလဲ"

ထိုအခါ သူတို့နှစ်ဦးကြား၏ လေထုမှာ ချက်ချင်းငြိမ်သက်သွား၏။အဖြေကို လိုသည်။သို့သော် ဒန္နီဘက်မှ ဆက်လက်ငြိမ်သက်နေသည့်အခါ ကျွန်တော်သည် စိတ်မရှည်စွာ သက်ပြင်းချလိုက်မိသည်။စိတ်မရှည်သည်ဆိုတာထက် ထွက်တော့မည့် ဒေါသလေးအား ဆွဲဆန့်ထားခြင်းသာ ဖြစ်လေသည်။

"ကျွန်တော် အဖြေလိုတယ် ဒန္နီ၊လိမ်နေတယ်ဆိုတာလည်း ကျွန်တော် သိတယ်"

"ကျွန်မ အစ်ကို့ကို တကယ်ချစ်တာပါ"

"ထူးဆန်းလွန်းတယ်မထင်ဘူးလား၊ ဒန္နီ ကျွန်တော်နဲ့ တွေ့လိုက်တဲ့ အခေါက်တိုင်း ဘယ်တုန်းကများ စိတ်ပါဝင်စားစွာ စကားပြောခဲ့ဖူးသလဲ အဆုံးစွန်ထိပြောရရင် ကျွန်တော်နဲ့ ဒန္နီ ဆက်ဆံရေးက မေးထူးခေါ်ပြောအဆင့်လောက်ပဲ ရှိခဲ့တာပါ ဘယ်အရာကများ ဒန္နီ ကျွန်တော့်အပေါ် စိတ်ယိုင်သွားစေခဲ့တာလဲ"

ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက် (Completed)Onde histórias criam vida. Descubra agora