<unrequited> - 1

1.2K 172 24
                                    

Unicode

"​ဆောင်ဟွန်း !"

ဟီဆွန်းရဲ့​ခေါ်သံနှင့်အတူ
​ပြေး၀င်လာ​သောဘောလုံး

အားကစားခန်းရဲ့ ​ချော​မွေ့ရဲ့ ကြမ်းပြင်​ပေါ်
သွက်လက်တဲ့​ခြေတစ်စုံဟာ
​ပြေးလွှား​နေရင်းက တစ်ပတ်လည်ရင်းပဲ
ရှည်လျားတဲ့ လက်​​မောင်း​တွေကို
ဆန့်တန်းပြီး​တော့ ​လေထဲကထိုဘောလုံးကို
ဖမ်းယူလိုက်သည်၊

"သူ့ကိုပိတ် "

အနီ၀တ်နဲ့သူတစ်​ယောက်ရဲ့
ရုတ်တရက်သတိ​ပေးသံနဲ့
အနားကို အတင်း​ပြေး၀င်လာတဲ့
​ခြေသံ​တွေ၊

​ဘောလုံးကို ၂စက္ကန့်​လောက်ပိုက်ထားရင်းနဲ့
​ဆောင်ဟွန်းက ​ရုတ်တရက်​နောက်ကိုလှည့်ပြီး
​ပြေးလိုက်သည်

"​ဆောနူ"

​ခေါ်သံနဲ့အတူ ကွင်း​ထောင့်မှာ​နေရာယူ​ထားတဲ့
သူ့ဆီကို ဦးတည်ပြီး​ဘောလုံးကို
ပစ်​ပေးလာသူ​ကြောင့် သူအ​ယောင်​ယောင်အမှားမှား
ဖြင့်ပင် လှမ်း၍ဖမ်းယူထားလိုက်ရသည်၊

မဟုတ်​သေးဘူး​လေ

သူမခုန်နိုင်ဘူး ၊

ဒါကို​​ဆောင်ဟွန်းလည်းသိတယ်၊
တသင်းလုံးလည်းသိတယ်၊

​ဆောနူ ​ဘောလုံးကိုပိုက်ထားရင်း
စက္ကန့်၀က်​လောက် ​ဘာလုပ်ရမည်မှန်းမသိပဲ
ကြောင်အ​နေမိသည်၊

​နောက်ဘက်ကို​ပြေးသွားသည့်ဆောင်ဟွန်းက
တားထားတဲ့သူ​တွေကိုဖြတ်ပြီး
သူနဲ့ဆန့်ကျင်ဘက် ​ထောင့်ဆီကို
တရှိန်ထိုးပြန်​ပြေး၀င်လာခဲ့ပြန်သည်၊

"​ဆောနူ "

​နောက်တစ်ကြိမ်ထပ်ပြီး​ခေါ်တဲ့အသံ

စိတ်လှုပ်ရှားမှု​ကြောင့် ​ဆောနူ၏ရင်​တွေ
တဒိုင်းဒိုင်းခုန်လာမိသည်၊

​ပတ်​ဆောင်ဟွန်းက သူ့ကိုလှမ်းပြီး
မျက်စိတစ်ဖက်မှိတ်ပြလိုက်တာကို
မြင်လိုက်ရသလိုပင်၊

ထို့​နောက် ခုန်လိုက်သည်၊

ထိုသို့ခုန်လိုက်တဲ့အခါတိုင်း
ပတ်​ဆောင်ဟွန်းရဲ့​ခြေတံရှည်​တွေက
ကြမ်းပြင်​ပေါ်က​နေ ၉၀စင်တီမီတာ​လောက်ကို
ကြွတက်သွား​လေ့ရှိသည်

&lt;𝘛𝘩𝘦 𝘏𝘪𝘥𝘥𝘦𝘯 𝘋𝘦𝘴𝘪𝘳𝘦&gt;Where stories live. Discover now