<unrequited> - 4

810 158 24
                                    

"​​ဆောနူ...​ဆောနူ..."

ကွန်ပျူတာ​ရှေ့တွင် ​ခေါင်းငိုက်စိုက်ကျလျက် လုံး၀ကျရှုံး​နေ​သော သူသည် လှုပ်နှိုးသံတစ်ခု​ကြောင့် ​ခေါင်း​ထောင်လာရ​လေသည်။

"​lunch break​လေ..သွားစို့"

​ဆောနူမှာ စားပွဲမှထလျက် ဆွဲ​ခေါ်ရာ​သို့ ​ခေါင်းငိုက်စိုက်ချကာ လိုက်လာခဲ့​လေသည်။

ကုမ္ပဏီကန်တင်း၏ အ​ရောင်အ​သွေးစုံလှ​သော အစားအ​သောက်များကို ကြည့်​နေလျက်နှင့်​တောင် ​ဆောနူမှာ စားချင်​သောက်ချင်စိတ်ရှိမ​နေခဲ့​ပေ။

​တွေ့ကရာ​ရွေးယူလာပြီး အသက်မဲ့စွာစားပွဲသို့​လျှောက်လာနေ​​သော သူ့ကိုကြည့်လျက် ရှင်းစံက ​ခေါင်းက​​လေးအသာခါ​လေသည်။

"ဘယ်လိုဖြစ်ရတာလဲ..တ​နေ့က​ဆေးခန်းသွားပြတာအဆင်မ​ပြေဘူးလား..မင်းကိုကြည့်ရတာ ​နေမ​ကောင်းသလိုကြီး "

"ဟုတ်ပါတယ်ဆို..အားပြတ်​နေသလိုကြီး..​ဆောနူအဆင်​ရော​ပြေရဲ့လား"

​ဆောနူမှာ အစားအ​သောက်လင်ဗန်းကို စားပွဲ​ပေါ်တင်လျက် နားထင်ကိုလက်နှင့် အသာပွတ်သပ်ရင်းဆိုလာခဲ့သည်။

"အခုတ​လောအိပ်​ရေးပျက်​နေလို့ပါ.. "

ရှင်းစံမှာ အံ့အားသင့်​နေပုံဖြင့်ဆိုလာခဲ့​လေသည်။

"ငါအလုပ်သင်ဆင်း​နေတုန်းက​တော့ ဒီ​လောက်ဖိအားမများသလိုပဲ"

ရှင်းစံက ဂျပန်လူမျိုးဖြစ်​သော်လည်း englishနှင့် koreanကို ​ချော​ချော​မွေ့​မွေ့​ပြောနိုင်သူဖြစ်​လေသည်။ သူက internကာလပြီး၍ တရား၀င်အလုပ်၀င်လုပ်​နေခဲ့ပြီး​သော စီနီယာလည်းဖြစ်သည်။

သူ့​ဘေးမှာထိုင်​နေသည့် မိန်းက​လေးမှာ​တော့ korean-americanကပြားဖြစ်ကာ သူမက Sunnyဟု​ခေါ်​လေသည်။ သူမမှာ ​ဆောနူနှင့်အတူ အလုပ်သင်ဆင်း​နေ​သော အ​ဖော်ဆိုလျှင်လည်း မမှား​ချေ။ ရှင်းစံထံ၌ အနီးကပ်သင်ယူ​နေခြင်းလည်းဖြစ်​လေသည်။

ရှင်းစံ​​ရော Sunny​ရောမှာ ​အလွန်​နွေး​ထွေးကာ ​ဖော်​ရွေသူများဖြစ်သည်။ ဘွဲ့ရပြီးတစ်နှစ်​နောက်ကျပြီးမှ အလုပ်ခွင်ကို၀င်လာရ​သော ​ဆောနူမှာ ဤ၂​ယောက်​ကြောင့်ပင် ​နေ့ရက်များပို၍လွယ်ကူခဲ့ခြင်းဟုဆိုနိုင်သည်။

&lt;𝘛𝘩𝘦 𝘏𝘪𝘥𝘥𝘦𝘯 𝘋𝘦𝘴𝘪𝘳𝘦&gt;Where stories live. Discover now