<unrequited> - 2

933 167 23
                                    

(Warning: foul language)

ဘတ်စ်ကတ်​ဘောအသင်း၏ အ၀တ်လဲခန်းတွင်ဖြစ်ကာ လှုပ်လှုပ်ရှားရှားကစားပွဲအပြီး အယ်လ်ဖာများ၏ ​ချွေးနံ့နှင့်အတူ ကပ်ညိ​နေ​သော ​ဟော်မုန်းနံ့များမှာ ​လေထုထဲသိပ်သည်း​နေခဲ့သည်။ အယ်လ်ဖာအချင်းချင်းမှာ တွန်းကန်ရိုးရှိ​လေရာ တစ်​ယောက်အနံ့ကိုတစ်​ယောက်မကြိုက်ကြသည်က သဘာ၀ပင်။

ပတ်​ဆောင်ဟွန်းမှာ ​ချွေးတို့စို​နေ​​သောအသင်းဂျာစီကိုဆွဲချွတ်လိုက်ရာ သူ၏အချိုးအဆစ်ကျလျက် ​တောင့်တင်း​သော ကိုယ်အ​ပေါ်ပိုင်းကိုမြင်သာ​စေသည်။ အထူးသဖြင့် သူ၏ထို​ချော​မွေ့​သော ကြွက်သားစိုင်များအ​ပေါ် ​ချွေးများစို​နေသည်က ရူးသွပ်စရာမြင်ကွင်းဖြစ်သည်။

အယ်လ်ဖာအချင်းချင်းပင်လျှင် ကွက်ကြည့်ကွက်ကြည့်​နှင့် ၀ိုးခနဲအသံများပြုလာခဲ့ကြ​လေသည်။

"​ဘော်ဒီကမိုက်ချက်ပဲ​ဟျောင့်​ရေ.."

ပတ်​ဆောင်ဟွန်းမှာ အပြုံးနှင့်မျက်ခုံးတစ်ချက်ပင့်ကာ သူ၏​ချွေးတို့စို​နေ​သော ဂျာစီဖြင့် ​လေချွန်လိုက်​သော ​တစ်​ယောက်ထံ​ပစ်တင်လိုက်​လေသည်။

"ီးလုပ်တာလား..ရွံစရာကြီး"

ထိုသူမှာ ပတ်​ဆောင်ဟွန်း၏ အင်္ကျီကိုသူ့ကိုယ်​ပေါ်မှအမြန်ခါထုတ်ပစ်လိုက်ကာ ပတ်​ဆောင်ဟွန်းမှာ ရယ်​နေခဲ့​လေသည်။

ဂျုံ​ဆောင်းကမူ နှာ​ခေါင်းရှုံ့လျက်

"​ဟေး အင်္ကျီလဲပြီးအမြန်ထွက်သွားကြစမ်းကွာ မင်းတို့အနံ့​တွေက ရွံဖို့​ကောင်းချက် မွှန်ထူ​နေတာပဲ"

ပတ်​ဆောင်ဟွန်းကတမင်တကာ ဂျုံ​ဆောင်း​ရှေ့ကိုယ်ဗလာဖြင့် ဟန်​ရေးပြ​နေစဥ် ​​ဆောနူမှာ လဲစရာအ၀တ်ကိုယူလျက် ​လော့ကာကိုပိတ်ကာ အပြင်သို့ထွက်သွားခဲ့​လေသည်။

ပတ်​ဆောင်ဟွန်းမှာ သူ့အားဖြတ်ခနဲဆို လှည့်ကြည့်လာခဲ့​သည်။

ဂျယ်ယွန်းက သူ့အားတံ​တောင်နှင့်တွတ်လာခဲ့သည်။

"​ဟေး မင်းတို့၂​ယောက်တစ်ခုခုဖြစ်ထားတာလား "

&lt;𝘛𝘩𝘦 𝘏𝘪𝘥𝘥𝘦𝘯 𝘋𝘦𝘴𝘪𝘳𝘦&gt;Where stories live. Discover now