Part (10)

570 31 4
                                    

လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က

" သခင်ကြီး ... ကျွန်တော် ယွန်းပါ "

" အေး ယွန်းး ပြောကွာ ဘာကိစ္စတုန်း "

" သားငယ်က တစ်ခုခုသိလာပုံရတယ် ၊ မဟုတ်ဘူး အကုန်သိလာလောက်တယ် ၊ Jaden နဲ့ သခင်ကြီးမျိုးရိုးတူနေတာကိုပေါ့ "

" မင်းကိုရော .. ရိပ်မိသေးသလား ? "

" ဟင့်အင်း.. အခုက Jaden ကိစ္စပါ "

" သူကဘယ်လိုသိသွားတာလဲ.. ငါသဲလွန်စမှ မထားခဲ့ပဲ "

" ကျွန်တော့အမှားပါ သခင်ကြီး ၊ Jaden က မမလေး ရောက်လာထဲက အနေကြပ်နေပုံရတယ် ၊ အဲ့တာနဲ့ သူက Hyogo မှာရှိတဲ့ ရိုးရာအိမ်သော့ကိုလာတောင်းတော့ ပေးလိုက်မိတာ , နောက်ရက်ကျ သားငယ် က လိုက်သွားတယ်ထင်တယ် "

" အိမ်းးးးးး အင်းပေါ့ ၊ သိပီပေါ့ "

[ ဂျပန် နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာအရ မျိုးရိုးနာမည်တွေကို အိမ်ရှေ့တွင် တစ်ချို့ကချိတ်ထားတတ်ကြသည် ]

" အဲ့တာသခင်ကြီး..... ကျွန်တော်အရေးကြီးတာ ပြောစရာကျန်နေသေးတယ် "

" အင်း "

" သားငယ်လေးကို ကျွန်တော်နဲ့ပတ်သတ်နေတာကိုတော့ သခင်ကြီးမပြောပါနဲ့နော် "

" သိချိန်တန်ရင်တော့ ငါထုတ်ပြောရလိမ့်မယ် ယွန်း "

" မမလေးနဲ့ စေ့စပ်ပွဲကို ရုပ်သိမ်းပေးရလိမ့်မယ်ထင်တယ် ၊ YAMADA SAN တို့ဘက်က တစ်ခုခုလိုချင်လို့ ဒီလိုလုပ်တာဆိုရငိရပ်ပေးပါ ၊သားငယ်ကလဲ ရိပ်မိတယ် သခင်ကြီး "

" အဲ့တော့..မင်းပြောချင်တာဘာလဲ "

" သားငယ်က Jadenလေးအပေါ်မေတ္တာသက်ဝင်နေပုံပဲ "

" ဟေ .... "

ယွန်းက မလိုအပ်တာတွေကိုတော့ မပြောဖြစ်ခဲ့ပေ။

" အဲ့တာ သခင်ကြီး ဆန္ဒကရော ... ?? "

" လူငယ်အချင်းချင်းချစ်ကြိုက်တာကိုတော့မကန့်ကွက်ပေမဲ့ ၊ နှစ်ယောက်စလုံးက ယောက်ျားလေးမလား ၊ ပီးတော့ နှစ်ယောက်စလုံးကို ငါ့သားအဖြစ်အမွေဆက်ခံတဲ့နေရာမှာ လုပ်ငန်းရှင်တွေကြား အနှောက်အသွားမလွတ်ဖြစ်သွားနိုင်တယ် ယွန်း "

DADDY BROTHER (Complete)Where stories live. Discover now