" Daddy ဖုန်းဆက်တယ်..... မင်းနဲ့တွေ့ပေးစရာလူရှိလို့တဲ့ "
" ဟမ်.. "
Necktie ကို တပ်ပေးနေရင် ယိုရှီက ဟွမ့်မျက်နှာကို၏ စေ့စေ့မျှမကြည့်ပဲပြောနေသောစကားပင်
ယိုရှီမျက်နှာလေး ညိုးနေတာကိုတော့ ဟွမ်က မသိ။
" ဟုတ်တယ်... "
" ဒါဆို ခင်ဗျားကရော .. "
" ငါ့တာဝန်ကဘာလဲ ငါ့ Position က ဘာလဲ ဆိုတာ မင်းလဲ သိရဲ့သားနဲ့ "
" တကယ်ဆို Daddy က အချစ်ကို ရာထူးပေးသင့်တာပေါ့ "
" ငါ မမက်ဘူးဟွမ် ၊ Daddy သားမှန်းမသိခင်ကကော သိပီးတော့ရော ငါက ဒီတိုင်းပဲ ဘာဆိုဘာမှမမျှော်လင့်ဘူး ၊ မင်းသာ ကျွေးအဖေလိုသဘောထားပီး အလုပ်ကိုကောင်းကောင်းကြိုးစားပြ "
" ခင်ဗျား ပြောတာတွေကလဲ ယုတ္တိမရှိလိုက်ပုံများ "
ကျစ် !
" ကဲ ... သွားမယ် လာ "
" နေဦးလေ"
Necktie ဝတ်ပေးပီး ယိုရှီက နောက်လှည့်ထွက်သွားဖို့အလုပ် ဟွမ်ကဆွဲလိုက်ကာ နှုတ်ခမ်းလေးကို လက်ညိုးလေးနဲ့ ဆူထော် ပုတ်ပြလေသည်။
" မင်းက ကလေးလား "
" လုပ်ပါ.... အချစ်ကလဲ "
" မင်း သိပ်ဆိုးတယ် ဟွမ် "
" ခင်ဗျား မို့လို့ ဆိုးတာ "
ပြွတ် !
ယိုရှီကနမ်းတော့ အားမရသည့်ဟွမ်က မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ နှာခေါင်းနစ်မြုပ်သည်အထိ ပါးလေးတွေကို နမ်းလိုက်လေသည်။
" မင်း နော် "
ထိုနောက် နှာဖျာထိပ်လေးချင်း ထိကာ ပွတ်တိုက်၍ ကျီစယ်ပြန်သည်။
" အချစ် "
" အင်း "
" မောင်ရဲ့ ပိုင်နက်ထဲရောက်နေတဲ့ အချစ်က မောင့်အပိုင် "
" ဘယ် ပိုင်နက်လဲ ? "
မျက်ခုံး တစ်ဖက်တွန့်ချိုး၍ နှုတ်ခမ်းလေး ဆူကာ မေးပြန်တော့ ဟွမ်က ပါးလေးတစ်ဖက်ကိုဆွဲကာ
" နှလုံးသား ပိုင်နက် "
ရင်ခုန်သံတွေမြန်လာတဲ့ ယိုရှီ ၊ မျက်တောင်လေး တစ်ဖျက်ဖျက်ခက်က သူကအရင် ဦးအောင်အခန်းထွက်သွားပြန်တော့ ကျန်ခဲ့သည့်ဟွမ်က အချစ်ရဲ့ နောက်ကျောပြင်လေးကိုကြည့်၍ သွားဖြူတန်းလေးပေါ်အောင်ထိ ပြုံးလိုက်မိသည်။