~ ၁၉ ~

90 8 0
                                    

[ Unicode ]
-----------------

" ဦးလေးမြင့်သူ ဆိုင့်ကိုရိုက်တယ်ဆို "

အိမ်နောက်ဖေးကမန်ကျည်းပင်အောက်မှာတစ်ယောက်တည်းထိုင်နေတုန်း အလောသုံးဆယ်နိုင်တဲ့အသံကြောင့်မော့အကြည့် နက်ရိူင်းရဲ့စိုးရိမ်ပူပန်သွားသောမျက်ဝန်းတစ်စုံနဲ့တေ့တေ့ဆိုင်ဆိုင်ဆုံမိသည် ။

မျက်လုံးထောင့်စွန်းတွေကိုကမန်းကတန်းပွတ်သုတ်လိုက်တာတောင်မမှီတော့ပါ ။

တစ်ယောက်သောသူက မို့အစ်နေတဲ့ကျွန်တော့်မျက်လုံးတွေကိုမြင်ပြီးသွားပြီလေ ။

" အရမ်းနာနေလား … ပြပါအုံး "

" ရတယ် ဘာမှမဖြစ်ဘူး "

လက်ကိုခပ်တင်းတင်းပိုက်ရင်းပြန်ဖြေတော့ အလိုမကျစွာမျက်မှောင်ကြုံ့သွားပြီးဇိုးခနဲဇက်ခနဲ သက်ဆိုင်သူရဲ့ညာဘက်လက်ဖျံကိုသူ့အားဖြင့်လှမ်းဆွဲသည် ။

" အာ့ ဘာလုပ်တာလဲ "

" ဘာကိုဘာမှမဖြစ်ရမှာလဲ … ဒီအရှိူးရာတွေမတွေ့ရအောင် ငါကကန်းနေတဲ့သူမှမဟုတ်တာ "

လက်မောင်းနားတစ်ဝိုက်ကအနီရောင်အဆင်းကြောင်း ၂ ခုကိုလက်ညိုးထိုးပြပြီးစိတ်တိုနေသူကြောင့် ပြန်စောဒကတက်ဖို့တောင်မရဲတော့ ။ ကျွန်တော့်ဒဏ်ရာတွေကိုယူကြုံးမရသလိုငေးကြည့်နေတဲ့သူ့မျက်နှာကိုမြင်ရလေ သက်ဆိုင်အတွက်ပိုပြီးငိုချင်ရက်လက်တို့ဖြစ်လေပါပဲ ။

" ဒီအသက်ရွယ်ပဲရောက်နေပြီ … ကိုယ့်သားကိုယ်အဲ့လောက်ထိရိုက်နှက်ဆုံးမဖို့မှမလိုတာ … စကားနဲ့ပဲပြောပေါ့ ဘာလို့လက်ပါရတာလဲ … ဦးလေးမြင့်သူလုပ်ပုံကမဟုတ်သေးပါဘူးကွာ … ကြားလို့တောင်မကောင်းဘူး "

" အဖေအရမ်းစိတ်ဆိုးသွားလို့ပါ … ပုံမှန်ဆို ငါတို့မောင်နှမကိုအဲ့လိုမလုပ်တတ်ပါဘူး … ငယ်ငယ်တုန်းကပဲစကားနားမထောင်ရင်သာရိုက်တာ "

" အခု ဆိုင်ကစိတ်ဆိုးအောင်ဘာလုပ်မိလို့လဲ ဟမ် … ကိုယ့်သဘောထားအမှန်ကိုပြောပြတာ အပြစ်ပေးစရာလား … အပြစ်တင်ရမဲ့ကိစ္စလား "

" မိဘတစ်ယောက်အနေနဲ့ဆိုအပြစ်တင်မှာပေါ့နက်ရိူင်းရယ် … စိတ်လည်းစိတ်ဆိုးချင်စရာပဲလေ … ငါမိန်းကလေးတွေကိုမကြိုက်ပါဘူးလို့ဝန်ခံလိုက်တာက ငါ့အဖေအတွက်တော့လုံးဝထင်မထားတဲ့အရာကိုး "

ဝေး ( ongoing ) ေဝးWhere stories live. Discover now