~ ၂၀ ~

226 9 9
                                    

[ Unicode ]
-----------------

အကြောင်းမကြားဘာမကြားနဲ့ရုတ်တရက်ကြီး ခွန်ထုံရောက်လာလိမ့်မယ်လို့ထင်မထား၍ တံခွန်အံ့သြသွားသည် ။ သူငယ်ချင်းဖြစ်သူနဲ့မတွေ့တာကြာနေပြီဆိုပေမဲ့ ဝမ်းသာရမဲ့အစားမအီမလည်ခံစားချင်ကြီးကရင်ထဲထိတ်ခနဲ ။ ခွန်ထုံနာမည်ကိုအလွဲသုံးစားလုပ်ထားမိတာနဲ့ပတ်သတ်ပြီးသူ့ဘက်ကမှားတယ်လို့မခံစားခဲ့ရသော်လည်း အခုလို ဟိုတစ်ယောက်ရှေ့မှာပြဿနာကိုထိပ်တိုက်တွေ့နေရတာမျိုးတော့ မျှော်လင့်မထားဖူးပါ ။ ဘယ်လိုပြောရမလဲ နည်းနည်းမျက်နှာပူပြီး စိတ်ထဲမသက်မသာနဲ့စစတုန်းကရှိခဲ့တဲ့ယုံကြည်ချက်တွေယိုင်လဲသွားသလိုပဲ ။

ဆိုးတာက သူတို့သူငယ်ချင်း ၂ ယောက်ရပ်စကားပြောနေတာကို ဟိုလူစိုက်ကြည့်နေခြင်းပင် ။

သေချာပေါက် ခွန်ထုံဆိုတဲ့နာမည်ကိုကြားလိုက်ပြီး ထိုအမည်နာမကိုမှတ်မိသွားလောက်ရောပေါ့ ။

ဒါကြောင့်လည်း မင်းငါ့ကိုချောက်တွန်းဖို့တမင်ဖန်တီးထားတဲ့လုပ်ဇာတ်ကြီးလေဆိုပြီးမျက်လုံးအကြည့်တွေကပြောပြနေသလို အမူယာကခနဲ့တဲ့တဲ့ ။

" မင်းမျက်နှာကြီးကဘယ်လိုဖြစ်နေတာလဲ တံခွန်ရာ … ငါ့ကိုတွေ့ရတာမပျော်သလိုပဲ မပြုံးမရွှင်နဲ့ "

" မဟုတ်ပါဘူး ငါအံ့သြသွားလို့ပါ … မင်းလာမယ်ဆိုတာ ဖုန်းဆက်ဘာလေးဆက်ပြီးကြိုပြောထားရောပေါ့ ၊ ခုတော့ဗြုန်းစားကြီးပါလား … ထုံးစံအတိုင်း ဒီဘက်ကိုလမ်းကြုံဝင်လာတယ်ဆိုပါတော့ "

" အေးကွ … မေကြီးခိုင်းလိုက်တဲ့ကိစ္စနဲ့မြို့ပေါ်လာရင်း မင်းနဲ့မတွေ့တာလည်းကြာပြီဆိုပြီးခဏဝင်လာခဲ့တာ "

" ဒါဆို လာလေ … အိမ်ထဲသွားမယ် "

" နေနေ ရတယ် … ငါဒီမှာပဲနေ့လည်စာစားသွားလိုက်တော့မယ် … ဗိုက်ဆာနေပြီကွ … တစ်မနက်လုံးဘာမှမစားရသေးဘူး "

" အိမ်ထဲမှာစားလည်းရပါတယ်ကွာ … လာပါ ငါမင်းကိုထမင်းပွဲပြင်ပေးမယ် "

" ဟ ဘယ်လိုဖြစ်လို့အတင်းဆွဲခေါ်နေတာတုန်း … ဒီမှာစားလည်းရပါတယ် အထွေအထူးလုပ်မနေနဲ့ … ငါပိုက်ဆံပေးစားမှာပါ ငါ့ကောင်ရ "

ဝေး ( ongoing ) ေဝးNơi câu chuyện tồn tại. Hãy khám phá bây giờ