unicode
" ယယ်ဂျီ...ဒေါ်လေးရော?"
" အမ်..မမမီဆို....အိုမားက အပေါ်ထပ်မှာ ဧည့်သည်တွေနဲ့ လက်ဖက်ရည်သောက်နေတယ် "
အိမ်တော်အရှေ့က မြက်ခင်းပေါ်တွင် ယယ်ဂျီက အသစ်မွေးထားသော ယုန်ကလေးများကို လွှတ်ပေး၍ဆော့ကစားနေခြင်းဖြစ်သည်။ ဒေါက်မြင့်ဖိနပ် တဂွက်ဂွက်ဖြင့် လျှောက်လာပြီး မေးလာသည့် ဂိုမီဆိုကြောင့် ယယ်ဂျီ့ယုန်ကလေးများပင် လန့်ဖြန့်ပြီး ထွက်ပြေးကုန်ကြ၏။
ဂိုမီဆိုက ယယ်ဂျီ့ဆီက စကားပြန်ရသည်နှင့် ခပ်ဆတ်ဆတ်လှည့်ထွက်၍ အိမ်ထဲသို့ဝင်သွားလေသည်။အိမ်ထဲရောက်တော့ ဘယ်ညာကြည့်၍ သူမကို ဖက်လှဲတကင်းလာခေါ်နေကျ အိမ်တော်ထိန်းကို လိုက်ရှာလိုက်သည်။ သို့သော်လည်းမတွေ့။ မစ္စပတ်တို့နှင့် အပေါ်ထပ်တွင်ရှိနေသည် ထင်၏။
ဂိုမီဆို အပေါ်ထပ်သို့တက်လာပြီး မစ္စပတ်၏ လက်ဖက်ရည်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။ ဧည့်သည်အမျိုးသမီးအချို့ရှိနေသော်လည်း ဂိုမီဆိုတွေ့ဖူးနေကျ မစ္စပတ်၏ မိတ်ဆွေအမျိုးသမီးများဖြစ်နေ၍ တစ်ချက်ပြုံးပြပြီး မစ္စပတ်အနားသို့ လျှောက်ဝင်လိုက်၏။
" ဒေါ်လေး...ဆောင်းဟွန်းကို မနေ့ကတည်းက ဖုန်းခေါ်လို့မရလို့။ အရေးကြီးကိစ္စတစ်ခုခုများ ဖြစ်နေလား ။ ခါတိုင်းဆို ဖုန်းမကိုင်ဖြစ်ရင်တောင် အမြဲပြန်ခေါ်တဲ့လူကို.. တစ်ရက်လုံး အဆက်အသွယ်မရတော့ ကျွန်မစိတ်ပူလို့ပါ "
ဂိုမီဆို၏ စိတ်မရှည်ဟန်ပြောလာမှုကြောင့် မစ္စပတ်က လက်ထဲမှ လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်သို့ညင်သာစွာ ပြန်ချလိုက်၏။
" ခဏစောင့်နော်...ဒေါ်လေး ဖုန်းခေါ်ကြည့်ပေးပါမယ်"
မစ္စပတ်က သူမ၏ဖုန်းဖြင့် ခလုတ်အချို့နှိပ်လိုက်ပြီး နားတွင်ကပ်လိုက်သည်။
ပတ်ဆောင်းဟွန်းနှင့် ဂိုမီဆိုသည် ငယ်သူငယ်ချင်းများဖြစ်ကြကြောင်း မစ္စပတ်၏ မိတ်ဆွေအမျိုးသမီးများက သိရှိပြီးဖြစ်၏။ သို့သော် မည်မျှပင်ရင်းနှီးပါစေ အိမ်ထောင်ပြုပြီးသား အယ်လ်ဖာတစ်ယောက်အပေါ် အကဲပိုလွန်းသော ဂိုမီဆို၏အပြုအမူကြောင့် ထိုအမျိုးသမီးများမှာ အချင်းချင်းနားလည်သော မျက်လုံးများဖြင့် ကြည့်လိုက်မိကြ၏။
YOU ARE READING
𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑶𝒇 𝑼𝒔 /𝑺𝒖𝒏 𝒙 𝑺𝒖𝒏/
Fanfiction𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐚𝐛𝐨𝐮𝐭 𝐭𝐡𝐞 𝐝𝐞𝐬𝐭𝐢𝐧𝐲, 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝐲𝐨𝐮 𝐚𝐧𝐝 𝐦𝐞. 𝐬𝐮𝐧 𝐱 𝐬𝐮𝐧