unicode
လက်စ်ဗေးကတ်စ်မြို့၏ ညခင်းကောင်းကင်ယံ၌ တိမ်ယံကင်းစင်၍ မှိတ်တုတ်ကြယ်ကလေးများက ဆေးစက်ဖြူများနှယ် လင်းလက်နေ၏။
ကလပ်အတွင်းရှိ ဆူညံသောသီချင်းသံများနှင့် တံခါးတစ်ချပ်ကာဆီးပိုင်းခြားထားသည့် အခန်းတွင်းတွင်တော့ ပူပြင်းတောက်လောင်သော လေထုတစ်ခုက နေရာယူထား၏။
အနက်ရောင်ဂျက်ကတ်တစ်ထည်သည် ဝါဖျော့ဖျော့ သားမွှေးကောဇောပေါ်၌ ပစ်စလက်ခတ်ဆန်စွာ ပြုတ်ကျနေသည်။ ပြင်းထန်သော အသက်ရှူသံများကြား နှုတ်ခမ်းချင်းနမ်းရှိုက်သံတို့က စည်းချက်ညီညီထွက်ပေါ်လာနေ၏။
အိုမီဂါငယ်လေး၏ နူးညံ့သောလက်ဖဝါးအိအိများက အယ်လ်ဖာ၏ ကြွက်သားကျစ်လျစ်သော လက်မောင်းများထံ အားကိုးတကြီးဆုပ်ကိုင်ထားလေသည်။ ဆောင်းဟွန်း၏ လက်များက အိုမီဂါလေး၏ဆွယ်တာပွပွအောက်မှ သွယ်လျသော ခါးကောက်ကြောင်းလေးကို ဆွဲယူကာ အကွာအဝေးတို့ကို ပပျောက်စေလိုက်၏။
ဖူးဖောင်းသောနှုတ်ခမ်းလေးများက မြည်းစမ်းကြည့်ဖူးသမျှထဲ အချိုမြိန်ဆုံးသော dessertတစ်ခုလို စွဲလမ်းစရာကောင်းနေ၍ ဆောင်းဟွန်းမှာ အလွှတ်မပေးနိုင်တော့ပေ။ ကပ်ခွာအဖြူရောင်၏အောက်မှ လွတ်ထွက်လာသော ဖယ်ရိုမုန်းနံ့ချိုချိုကလေးများကလည်း အိုမီဂါလေး၏ တစ်ကိုယ်လုံးကို မျိုချပစ်လိုက်ချင်စိတ်ပင်ပေါ်လာစေ၏။
အောက်နှုတ်ခမ်းလေးအား ချွန်မြသောသွားစွယ်များဖြင့် ကိုက်လိုက်မိသည်ကြောင့် အိုမီဂါလေး၏ တိုးညင်းသောညည်းသံလေးက အနမ်းများကြားမှ ထွက်ပေါ်လာလေသည်။ နှစ်ယောက်သားသည် ဦးနှောက်မှအောက်စီဂျင် ပြတ်လပ်တော့မတတ် နမ်းရှိုက်နေကြပြီး ရင်ဘက်ကို ထုရိုက်လာသည့် လက်ကလေးများကြောင့်သာ ဆောင်းဟွန်း အိုမီဂါလေး၏နှုတ်ခမ်းတို့ကို လွှတ်ပေးလိုက်၏။
အနမ်းတို့မှလွတ်မြောက်သည်နှင့် တစ်ပြိုင်နက် အိုမီဂါလေးသည် ဆောင်းဟွန်း၏ရင်ဘက်ကိုတွန်း၍ မွေ့ယာထက် ထိုင်ကျစေလိုက်၏။ ပြီးနောက် မျက်နှာချင်းဆိုင်အနေအထားဖြင့် ဆောင်းဟွန်း၏ပေါင်ပေါ်သို့ ခွ၍ထိုင်ကာ လည်တိုင်ဖြူဖြူ၏ဘေးဖက်သို့ ခေါင်းငုံ့ချလိုက်၏။
YOU ARE READING
𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑶𝒇 𝑼𝒔 /𝑺𝒖𝒏 𝒙 𝑺𝒖𝒏/
Fanfic𝐓𝐡𝐢𝐬 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐚𝐛𝐨𝐮𝐭 𝐭𝐡𝐞 𝐝𝐞𝐬𝐭𝐢𝐧𝐲, 𝐛𝐞𝐭𝐰𝐞𝐞𝐧 𝐲𝐨𝐮 𝐚𝐧𝐝 𝐦𝐞. 𝐬𝐮𝐧 𝐱 𝐬𝐮𝐧