𝐂𝐡𝐚𝐩𝐭𝐞𝐫 |𝐭𝐡𝐫𝐞𝐞|

1.6K 179 8
                                    

unicode

ပန်းနုရောင်ပျိုနီပန်းရုံ၏အနား၌ လိပ်ပြာပျိုများဝေ့ဝဲနေကြသည်မှာ မျက်စိပသာဒဖြစ်စရာကောင်းလှ၏။

စိတ်ကြည်နူးလောက်အောင် လှပသည့်တော်ဝင်ဥယျာဥ်ကြီး၏ တစ်နေရာတွင်တော့ အစောင့်အကြပ်အယောက်၂၀ခန့် ဝန်းရံထားသော လူနှစ်ယောက်၏စကားဝိုင်းမှာ ကိုးရိုးကားယားနိုင်စွာ တိတ်ဆိတ်လို့နေချေ၏။

တော်ဝင်မင်းသားလေးမှာ အရှေ့တည့်တည့်ကလူကို မကြည့်နိုင်ဘဲ မျက်နှာကိုလှည့်ကာ နေ့စဥ်မြင်တွေ့နေကျ ရှုခင်းကိုသာ အလွန်စိတ်ဝင်စားစရာကောင်းသည့်နှယ် ရှုစားနေသည်။

အနောက်မနီးမဝေးတွင်ရပ်နေသော အထိန်းတော်ဂင်မှာ ငယ်စဥ်ကတည်းက သူမအနီးကပ်စောင့်ရှောက်ခဲ့ရသည့် ကလေးငယ်၏ နီစွေးသောနားရွက်ဖျားကလေးများကို မြင်လျှင် မတတ်သာဘဲ ပြုံးလိုက်မိ၏။ ထင်ထားသည့်အတိုင်း သူမတို့မင်းသားလေးက ပတ်သခင်လေးကို မြင်မြင်ချင်းသဘောကျသွားတာပါပဲ။

အထိန်းတော်ကြီးမှာ သူမ၏မင်းသားလေးအကြောင်းကို လုံးစေ့ပတ်စေ့နားလည်သည့်တိုင် မင်းသားလေး၏ရှက်ရွံ့နေရသည့် အကြောင်းအရင်းအစစ်မှန်ကိုတော့ မသိနိုင်ရှာပေ။

"တော်ဝင်ဥယျာဥ်ကဒီလောက်လှတာ....လမ်းလျှောက်ကြည့်ကြရင် မကောင်းဘူးလား"

မည်သို့စကားကိုဆိုရမည်နည်းဟု ခေါင်းခြောက်နေစဥ် ဆောနူ၏အရှေ့ကလူက တည်ငြိမ်စွာဆိုလာ၏။

တိုက်ရိုက်ကြည့်မနေသော်ငြား များစွာသောနားတွေရှိနေသောအခါ စကားစရန်ပင်ခက်လေ၏။ ထိုသူနှင့်က နှစ်​ယောက်တည်း သီးသန့်စကားဝိုင်းမျိုးတွင် ဆွေးနွေးမှသာ သင့်တော်မည်ဟု ဆောနူထင်သည်။

" ကောင်းပါပြီ "

နှစ်ယောက်သား ထရပ်လိုက်သည်နှင့် သက်တော်စောင့်များရော၊ တော်ဝင်အစောင့်များကပါ နောက်ကလိုက်ရန် အသင့်အနေအထားပြင်နေသည်ကို တွေ့လိုက်ရ၏။

" ဘယ်သူမှလိုက်လာစရာမလိုဘူး။ အေးအေးဆေးဆေးစကားပြောရုံပဲ "

အေးစက်ပြတ်သားစွာ ထွက်ပေါ်လာသော ပတ်ဆောင်းဟွန်း၏အသံကြောင့် သမ္မတအိမ်တော်၏ သက်တော်စောင့်များမှာ ရပ်တန့်သွားကြ၏။ ဆောနူလည်း အထိန်းတော်ဂင်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑶𝒇 𝑼𝒔 /𝑺𝒖𝒏 𝒙 𝑺𝒖𝒏/Where stories live. Discover now