မိန်းမနှစ်ယောက်က တည်ဆောက်ထားတဲ့အိမ်ထောင်
ရေးတစ်ခု၊ မိန်းမနှစ်ယောက် နဲ့ဖွဲ့စည်းထားတဲ့ချစ်ခြင်းတရား ၊ ပတ်ဝန်းကျင် ဟာ လှောင်ပြောင် ပစေဦးတော့၊ အဲ့ဒီမိန်းမနှစ်ယောက် ဟာ ရဲရဲဝင့်ဝင့်ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ဒီလိုနဲ့ နှစ် များစွာ
ကြာလာတဲ့အချိန်တစ်ခုမှာတော့ သံသယတွေ၊
မာနတွေ ၊ လူနေမူ ကိုသာရှေ့တန်းတင်မူတွေက ဆက်ဆံရေးတစ်ခုကို အေးစက်သည့်အသွင်ဖြစ်
အောင် ကူးပြောင်းခဲ့သည်။
******ခမ်းနားကြီးကျယ်လှတဲ့ နှစ်ထပ်တိုက်ကြီးတစ်ခု
၏ ဧည့်ခန်း၌ မိန်းကလေးတစ်ဦး သည် ခေါက်တုံ့
ခေါက်ပြန် လျောက်လှမ်းလို့နေသည်။
အချိန်အားဖြင့်တော့ ည ၁၁နာရီဖြစ်သည်။ တစ်ရွေ့
ရွေ့ ရွေ့လျားနေသည့် နာရီလက်တံအတိုအရှည်များက ဂျန်းနီ ၏စိတ်ကို ညစ်ညူးစေသည်။
လည်ပတ်နေမည့်အစားရပ်တန့်နေလျှင်ပိုကောင်းမည်ဟုတွေးနေမိသည်။ ထိုစဥ် အိမ်ရှေ့ တွင် ဆိုက်ရောက်လာသော ကားတစ်စီး။ ကား၏အမျိုးအစားကိုတောင်ခွဲခြားနေစရာမလို ၊ဤအချိန် ဤကာလတွင်ပြန်လာမည့်သူမှာ ဂျန်းနီကင်၏ ချစ်လှစွာသော ခင်ပွန်းလာလီဆာပင်ဖြစ်သည်။'' တောက်စ်. .''
''ဘယ်အချိနိရှိနေပြီလည်း ''
ကားပေါ်ကဆင်း၍ ရူးဖိနပ်ကိုအသာအယာချွတ်ကာ
အိမ်ထဲသို့ဝင်လာသော ခင်ပွန်းဖြစ်သူအား သိလျက်နဲ့
ပင်အချိန်ကိုမေးလိုက်သည်။''၁၁နာရီထိူးပြီလေ ရူဘီရဲ့ မင်းနှယ် နာရီတောင်
မကြည့်တတ်တော့ဘူးလား'''' ဒါ လူတစ်ယောက် အိမ်ကိုပြန်ရမယ့်အချိန်လား''
'' ဘယ်လိုပြောလိုက်ပါလိမ့် ရူဘီ ၊ လူပြန်လာရမယ့်
အချိန်မလို့ ပြန်လာတာပေါ့ကွ'''' ဒီလောက်ထိညနက်သည်အထိ ရှင်ဘယ်တွေသွား
ပြီးဘာတွေလုပ်နေတာလည်းလီဆာ''''ဒီမှာ ရူဘီ ကိုယ် အလကား လပ်ယား လပ်ယား
လုက်နေတာမဟုတ်ဘူး၊ ဖောက်သည်တွေနဲ့ညစာ
စားရင်း သူတို့နဲ့စကားပြောနေလို့ကြာသွားတာ''ရှေ့သို့ခြေလှမ်းတိုး ၍လီဆာ့ထံသို့သွားကာ အကျီ
ကော်လံကိုဆွဲကိုင် ပြီးနှာခေါင်းဖြင့်ငုံ့ရူကြည့်လိုက်သည်။